Quantcast
Channel: သတင်း - ဧရာဝတီ
Viewing all 19385 articles
Browse latest View live

မြောက်ဦးတွင် ဖမ်းဆီးခံ ရဟန်းနှင့် ကျေးရွာသား ၂ ဦး၏ အသက်အန္တရာယ် မိသားစုဝင်များ စိုးရိမ်နေ

$
0
0

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာမှ ဆရာတော်နှင့် ကျေးရွာသား ၂ ဦးကို တပ်မတော်က ဖမ်းဆီး ထားသည်မှာ ၂ လ နီးပါး ကြာမြင့်နေပြီ ဖြစ်ရာ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို စုံစမ်း၍ မရသည့်အတွက် အသက်အန္တရာယ်ကို စိုးရိမ်မိကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်က ၂ လကြာ ဖမ်းဆီး ထိန်းသိမ်း ထားသူများမှာ အိုးထိန်းကျေးရွာမှ ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ကားဒရိုင်ဘာ ဦးမောင်သာစိန်(ခ ) မြင့်မောင်တို့ ဖြစ်သည်။

၎င်းတို့မှာ ကျေးရွာအလှူပွဲအတွက် ရွာအနီး သီတင်းသုံးနေသည့် ကျောက်ကျပ် ကျောင်းထိုင်ဆရာတော်အား ပင့်ဖိတ်ရန် စက်တင်ဘာလ ၂၀ ရက်နေ့က ကားဖြင့် သွားရောက်စဉ် လင်းမြွေတောင်တွင် စခန်းချထားသော တပ်မတော် စစ်ကြောင်း က ဟန့်တားကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်း၏ အစ်မဖြစ်သူ ဒေါ်အေးသောင်းစိန်က “လင်းမြွေတောင်စခန်းက စစ်သားတွေ ဖမ်းထားတယ်လို့ ကြားလို့ ရွာက ကျောင်းဒကာတွေနဲ့ ရွာသားတွေ လိုက်သွားတော့ ကားကို မသင်္ကာလို့ ဖမ်းတာလို့ ပြောပါတယ်။ အဲဒီ ဖမ်းတဲ့နေ့ကတည်းက ဘာမှ စုံစမ်းလို့လည်း မရဘူး ။ အသက်ရှင်လျှက် ရှိသေးလား ၊ ဒါမှမဟုတ် သတ်ပစ် လိုက်ကြ ပြီလား။ မိုးရာသီကတည်းက ဖမ်းသွားတာ အခု ဆောင်းရာသီကို ရောက်သွားပြီ။ အဝတ် ၁ ထည်နဲ့ ပါသွားတာ ဘယ်လို ဒုက္ခတွေ ရောက်နေကြမှန်းလည်းမသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးထားသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည့် အတွက် မိသားစုဝင်များအနေဖြင့် ပူပင်သောက ရောက်နေရ၍ တွေ့ခွင့် ရချင်ကြောင်း ဒေါ်အေးသောင်းစိန်က ဆက်လက် ပြောကြားသည်။

အိုးထိန်းရွာသားများ ပြောပြချက်အရ ဆရာတော်နှင့် ရွာသား၂ ဦးဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ၎င်းနေ့က လင်းမြွေတောင် စခန်းကို လိုက်သွားခဲ့ရာတွင် တပ်မ ၂၂ မှ ဗိုလ်ကြီး နေလင်းနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း၊ လူတွင် အပြစ်မရှိသော်လည်း ကားတွင် အပြစ်ရှိသည့် အတွက် ဖမ်းခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း သိရသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဖမ်းဆီးထားသည်မှာ မှန်ကန်ပြီး ကာကွယ်ရေး စီမံချက် အထူး ဥပဒေ အတိုင်း လုံခြုံရေး လိုအပ်ချက်အရ ထိန်းသိမ်း စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ထိန်းသိမ်း စစ်ဆေးမှု ပြီးစီးလျှင် တရားဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ ဖမ်းဆီးထားတယ် ဆိုတာတော့မှန်ပါတယ်။ နောက်ဆုံး အခြေအနေတော့ ကျနော်လည်း မသိသေးဘူးဗျ။ ထိန်းသိမ်းထားသေးတယ် ထင်ပါတယ်။ ကျနော်တို့က ကာကွယ်ရေး စီမံချက်အထူး ဥပဒေ အတိုင်း လုံခြုံရေး လိုအပ်ချက်အရ ဖမ်းဆီး၊ ထိန်းသိမ်း စစ်ဆေးပိုင်ခွင့် ရှိတယ်။ အဲဒါပြီးရင်တော့ အပြစ်ပေး ၊ အရေးယူမယ့် အပိုင်းကျတော့ ကျနော်တို့ လုပ်ပိုင်ခွင့် မရှိဘူး။ တရားဥပဒေ အတိုင်းပဲ အရပ်ဘက် တရားရုံးကို လွှဲပြောင်းပေးသွားပါ လိမ့်မယ် ” ဟု ဧရာဝတီသို့ ပြောသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ က နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ အိုးထိန်း ဆရာတော်နှင့်ရွာသား ၂ ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အခြေအနေကို သိလိုကြောင်း ဧရာဝတီမှ မေးမြန်းခဲ့ရာ ဖမ်းဆီးထားသည့် အထဲတွင် AA အဖွဲ့ဝင် ၁ ဦး ပါဝင်သည့်အတွက် ထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့သည်။

အဆိုပါ ဆရာတော်နှင့် ရွာသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြောက်ဦးမြို့ ဦးဂေါင်းဆရာတော်နှင့် ရပ်ရွာ လူကြီး များက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးညီပုနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး မြို့နယ် သံဃနာယက ဆရာတော်များ၏ ထောက်ခံချက်နှင့် အသနားခံစာများကိုလည်း ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ကြောင်း မြို့ဦးဂေါင်း ဆရာတော်က ဧရာဝတီသို့ မိန့်ကြားသည်။

ယင်းအပြင် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအားလည်း ထပ်မံတွေ့ဆုံခဲ့ရာ ဖမ်းဆီးခံရသူများ၏ အခြေအနေနှင့် မိသားစုနှင့်တွေ့ဆုံခွင့် ရရှိရန် မေးမြန်းစုံစမ်းခဲ့ကြောင်းလည်း မြို့ဦးဂေါင်းဆရာတော်က မိန့်သည်။

မြို့ဦးဂေါင်းဆရာတော်က “ ဆရာတော်တို့က ဝန်ကြီးချုပ် ဦးညီပုနဲ့လည်း တွေ့ပြီးပြီ။ နောက်တကြိမ် နယ်လုံဝန်ကြီးနဲ့ တွေ့ပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ပြောဆိုခဲ့တယ်။ နယ်လုံဝန်ကြီးကတော့ စစ်ဆေးတဲ့ကာလ မပြီးသေးလို့ နည်းနည်းစောင့်ပါအုံး ၊ သူတို့ ၃ ဦးလုံး ကျန်းကျန်းမာမာ ရှိတယ်ဆိုတာ သူတာဝန်ခံပါတယ် ပြောတယ်။ အခု ၂ လနီးပါး ကြာမြင့်လာပြီ။ ဆရာတော်တို့ ဖြစ်ချင်တာက အပြစ်ရှိတယ် ဆိုရင်လည်း အဖြစ်ပေး အရေးယူပါ။ မိသားစုဝင်တွေနဲ့ လည်း မြန်မြန်ဆန်ဆန် တွေ့ခွင့်ပေးစေချင်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြို့နယ်အတွင်းက လင်းမြွေတောင်တောင်တန်းများတွင် တပ်မတော် စစ်ကြောင်းက လက်ရှိ အချိန်အထိ တပ်စွဲထားပြီး သြဂုတ်လ ၂၈ ရက်နေ့က ယာယီစခန်းချထားသော တပ်မတော် စစ်ကြောင်းကို ရက္ခိုင့် တပ်တော် AA က လာရောက် တိုက်ခိုက်ခဲ့သေးသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲအတွင်း တပ်မတော်က ရွာသားများကို မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးခဲ့စဉ် စစ်ကြောရေးကာလအတွင်း အရပ်သား သေဆုံးမှု ၁၅ ဦး ထိ ရှိသည်။

စစ်ဘုရင်ဝါဒဖြင့် လုပ်ချင်တိုင်း လုပ်၍ မရဟု AA ကို သမ္မတ ရုံး သတိပေး

လားရှိုးမြို့ပေါ်ရပ်ကွက်တချို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ကျောက်တော် မိုင်းခွဲတိုက်ခိုက်မှုတွင် တပ်မတော်မှ အကျအဆုံးရှိဟု AA ဆို

The post မြောက်ဦးတွင် ဖမ်းဆီးခံ ရဟန်းနှင့် ကျေးရွာသား ၂ ဦး၏ အသက်အန္တရာယ် မိသားစုဝင်များ စိုးရိမ်နေ appeared first on ဧရာဝတီ.


ငလျင်လှုပ်ပြီးနောက် တိမ်းစောင်းသွားသည့် တိုက် ၈ လုံးအနက် တာမွေမြို့နယ်မှ အများဆုံးဖြစ်

$
0
0

ယခုလအတွင်း ရန်ကုန်မြို့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားသည့် တိုက်အလုံး ၂၀ ကို စစ်ဆေးခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ၏ သတ်မှတ်ချက်ထက် ကျော်လွန်၍ တိမ်းစောင်းသွားသည့် တိုက် ၈ လုံးအနက် တာမွေမြို့နယ်မှ တိုက်အများစု ပါဝင်ကြောင်း သိရသည်။

ထိုသို့ အထပ်မြင့်တိုက် အလုံး၂၀ ကို စစ်ဆေးခဲ့ရာ ပုဇွန်တောင်မြို့နယ်တွင် ၁ လုံး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁ လုံး၊ ဒေါပုံ မြို့နယ်တွင်၂ လုံး၊ တာမွေမြို့နယ်တွင် ၄ လုံး ဖြစ်ကြောင်း YCDC ၏ (အင်ဂျင်နီယာ၊ လမ်းနှင့် တံတားဌာန) ဒု ဌာနမှူး ဦးဇာ်ဝင်းက ပြောသည်။

ဦးဇာ်ဝင်း က “ကျနော်တို့ သတ်မှတ် ခွင့်ပြုတာနဲ့ ကျော်ရင် စိတ်မချရတော့ဘူး။ တွက်လိုက်တော့ ၈ လုံး ထွက်လာတယ်။ ပုဇွန်တောင်မှာ ဆိုရင် နှစ်ခန်းတွဲ ၇ ထပ် တိုက်ပေါ့။ သူက တိမ်းစောင်းတာ ၉ လက်မ ဖြစ် တယ်။ ကျနော်တို့ တွက်တဲ့ ဒသမ ၀၀၇ နဲ့ တွက်ရင် ၅ ဒသမ ၉၆ တိမ်းစောင်းတာ ဖြစ်တဲ့အတွက် ခွင့်ပြုတာထက် ပိုစောင်း တဲ့ သဘောဖြစ်တယ” ဟု ဆိုသည်။
ယနေ့တွင် YCDC ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောခြင်း ဖြစ်သည်။

ဦးဇော်ဝင်းက ဆက်၍ “တာမွေမှာတော့ တိုက် ၄ လုံးပါ။ နှစ်ခန်းတွဲ ၈ ထပ်၊ ၇ ထပ်နဲ့ ၅ ထပ် တိုက်တွေ ဖြစ်တယ်။ သူက တော့ ခွင့်ပြုတာထက်ကို ၇ ဒသမ ၈ လက်မ တိမ်းစောင်းတာ ဖြစ်တယ်။ ဒီတိမ်းစောင်းမှုက ဖြစ်စဉ်ထဲမှာတော့ အများဆုံး ဖြစ်နေတယ်” ဟု ပြောဆိုသည်။

အဆိုပါ တိမ်းစောင်းသွားသော တိုက် ၈ လုံးကို ပြန်လည် တည့်မတ်ရန်အတွက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ရာတွင် တိုက်စတင် တည်ဆောက်သော အင်ဂျင်နီယာများ၊ တိုက်ခန်း နေထိုင်သူများ၊ အခန်းပိုင်ရှင်များနှင့် တိုင်းဒေသကြီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညိုနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း YCDC (အင်ဂျင်နီယာ၊ လမ်းနှင့် တံတားဌာန) ဌာနမှူး ဦးလင်းခိုင်က ဆိုသည်။

“ဘယ်တော့ တည့်မတ်မလဲ ဆိုတဲ့အခါ သက်ဆိုင်တဲ့ သူတွေနဲ့ ကျနော်တို့ တိုင်ပင်နေတယ်။ ကုန်ကျစရိတ်ကိုလည်း ဘယ် လိုဆောင်ရွက်မလဲ ဆိုတာ မူဝါဒမရှိတဲ့အတွက် အစိုးရနဲ့ ညိုနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ရန်ကုန်တိုင်း အစိုးရနဲ့ ညိုနှိုင်း လျက် ရှိပါတယ်။ မတည့်ဘဲ နေလို့ မရပါဘူး။ အမြန်ဆုံး လုပ်နိုင်ရင် ပိုကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

မိမိတို့ အဆောက်အဦသည် အန္တရာယ်ရှိကြောင်း လုံလောက်သည့် အချက်များ တင်ပြနိုင်လျှင်၊ တည်ဆဲဥပဒေများအရ ဖြစ်လျှင် နေထိုင် အသုံးပြုများထံမှ အသုံးစရိတ်များကို တောင်းခံနိုင်ကြောင်း၊ နေထိုင်အသုံးပြုသူမှ ကျခံစေနိုင်ကြောင်း ဦးလင်းခိုင်က ပြောဆိုသည်။

YCDC ၏ တွဲဖက် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး က “အဆောက်အဦ၂၀ ကျော်ကို စစ်ဆေးတယ်။ အဲဒီလို စစ်လိုက်တဲ့ နေ ရာမှာ အဆောက်အဦ ၈ ခုကို တွေ့တယ်။ ဒီမြေငလျင်ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ အရင်က စောင်းထားလို့ ငလျင် ကြောင့် ပိုစောင်းသွားလည်း ရှိချင် ရှိမယ်။ အဲဒီ တိုက် ၈လုံးက ဖြိုစရာ မလိုပါဘူး။ ပြန်မတ်လို့ရတဲ့ အနေအထား ဖြစ်ပါ တယ်။ ဒါကို သက်ဆိုင်ရာတွေနဲ့ စီစဉ်မှာ ဖြစ်ပါတယ်။ လူတွေ ပြောင်းရွှေ့ပြီး ဖြိုရလောက်တဲ့ အစီစဉ်တော့ မဟုတ်ပါဘူး။ ငလျင်ကြောင့်လို့ မပြောပါဘူး” ဟု ပြောဆိုသည်။

ထိုကြောင့် စစ်ဆေးသည့် အခါတွင် အဆောက်အဦ တော်တော်များကို အန္တရာယ်ရှိ အဆောက်အအုံဟု သတ်မှတ်၍ မရ ကြောင်း လူနေထိုင်၍ ရကြောင်းလည်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ ရက် ညက လှုပ်ခတ်သွားသော ငလျင်ကြောင့် တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ မြို့နယ်များရှိ အထပ်မြင့် တိုက်တချို့ တိမ်းစောင်းမှုရှိသည်ဆိုသော သတင်းများကြောင့် နိုဝင်ဘာ ၁၃ ရက်မှာ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနမှ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

YCDC အနေနှင့် အဆောက်အဦများကို မတည်ဆောက်ခင် ကတည်းက တင်ဒါ၊ ဒီဇိုင်းပုံစံများနှင့် ပတ်သက်၍ စစ်ဆေးကာ ပါမစ်များ ထုတ်ပေးကြောင်း တည်ဆောက်စဉ် ကာလတွင်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် ဖောင်ဒေးရှင်းချခြင်းနှင့် ပတ်သက်၍ စစ်ဆေးပြီးမှသာလျှင် လူနေထိုင်မှု (BCC) ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့်က “Myanmar International Building code ကို မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီက ထုတ်ပြန်ထားတယ်။ YCDC မှာလည်း ရှိတယ်။ သဘာဝဘေးကြောင့် တိုက်က တခုခု ဖြစ်ပြီဆိုရင် နှစ်နဲ့လည်း ဆိုင်တာပေါ့။ ကျနော်တို့ဆီမှာ ဥပဒေက တိတိကျကျ မရှိ ဘူး။ အဲဒီတော့ ပြောဖို့ခက်တယ်။ တိုက်ရဲ့ တည်ဆောက်ထားတဲ့အပေါ် မူတည်ပြီး စဉ်းစားရမယ် ထင်တယ်။ ပြောရရင် ညိုနှိုင်း ဆောင်ရွက်ရမယ့် သဘောပဲ။ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ ဥပဒေ မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ဥပဒေ တိတိကျကျ မရှိသေးသဖြင့် နှစ်ဦးနှစ်ဖက် ညိုနှိုင်း၍ အဆင်ပြေသည့် နည်းလမ်းနှင့်သာ ဆောင် ရွက်သွားကြရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် တိုက်ခန်း ဝယ်ယူသူများ အနေနှင့်လည်း သဘာဝဘေး အန္တရာယ်ကြောင့် တိုက်ပြိုကျ ပျက်စီးသွားမည်ဆိုလျှင် ပိုင်ဆိုင်မှုမှာ ရေရာသေချာမှု မရှိကြောင်း စုပေါင်းပိုင် အဆောက်အအုံ ဥပဒေမှာ လက်ရှိတွင် မထွက်သေးပေ။

ဦးမျိုးမြင့်က “ငလျင်ကိစ္စနဲ့ ပတ်သက်ရင် YCDC က တာဝန် အရှိဆုံးလို့ ကျနော်မြင်တယ်။ အခု ဖြစ်သွားတဲ့ တိုက်တင် မဟုတ်ဘူး။ ငလျင် မလှုပ်ဘဲနဲ့တောင် တိုက်တွေ ပြိုနေတဲ့အတွက် သူတို့အနေနဲ့ ကြိုတင် စိစစ် ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ အဆင်ပြေနေတဲ့ တိုက်တွေကို မဆိုလိုဘူး။ အင်မတန် ဆိုးရွားနေတဲ့ တိုက်တွေကို လုပ်သင့်တယ်။ ဖြစ်လာရင် ကြီးကြီးမားမား မဖြစ်အောင် အခုကတည်းက စိစစ်သင့်တယ်လို့ မြင်တယ်”ဟု ပြောသည်။

ယခုအချိန်တွင် တည်ဆောက်သော အဆောက်အဦများကို ယေဘူယျအားဖြင့် နှစ်ပေါင်း ၆၀ ခန့် ခံနိုင်ရည် ရှိမည်ဆို၍ ခန့်မှန်းနှုန်းဖြင့် တည်ဆောက်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ရန်ကုန်မြို့၏ နုံးမြေ အခြေအနေကြောင့် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ခံစားခဲ့ရ ဟုဆို

ငလျင်ကြီး လှုပ်မှာကို အချက်ပြနေတာလားလို့ ထင်တယ်

The post ငလျင်လှုပ်ပြီးနောက် တိမ်းစောင်းသွားသည့် တိုက် ၈ လုံးအနက် တာမွေမြို့နယ်မှ အများဆုံးဖြစ် appeared first on ဧရာဝတီ.

မြန်မာ့ရေထွက်ပို့ုကုန် တင်ပို့မှု ၅ နှစ် အတွင်း စံချိန်တင်မြင့်တက်

$
0
0

ပြည်ပနိုင်ငံများသို့ တင်ပို့နေသည့် မြန်မာ့ရေထွက်ကုတင်ပို့မှုသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမြင့်ဆုံး စံချိန်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၇၂၀ ကျော် အထိ ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ထိုပမာဏသည် ၂၀၁၁ ခုနှစ်က စတင်ခဲ့သော အရပ်သား အစိုးရ ၂ ဆက်အတွင်း အမြင့်ဆုံး တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “ဒီသန်း ၇၀၀ ကျော်ဆိုတာ ရပြီးသားနှစ်တွေ ထဲမှာ စံချိန်တင်တယ်။ ဒီနှစ်ကို ဒီထက်တောင်ရမယ်ဆိုပြီး ကျနော်တို့တော့ မှန်းထားတာ” ဟု ဧရာဝတီသု့ိ ပြောသည်။

၂၀၁၈ (Mini Budget) ကြားကာလ ၆ လ တွင်လည်း ရေထွက်ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရှိခဲ့ခြင်းကြောင့် တနှစ်ခွဲကျော် ကာလအတွင်းတွင် မြန်မာ့ရေထွက်ပို့ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ေ ကျာ်အထိ ရှိသည်။

၂၀၁၄-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၂ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅၂ သန်း နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၆၉၉ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ ရေထွက်ပို့ကုန်တင်ပို့မှုတွင် သဘာဝမှ ဖမ်းဆီးရရှိမှုသည် အကန့်အသတ်ရှိနေပြီဖြစ်ကာ ပြီးခဲ့သည့် နှစ်က ရရှိထားသော မြန်မာ့မွေးမြူရေးငါးများကို အီးယူသို့ တင်ပို့ခွင့်အခွင့်အရေးကို အသုံးချပြီး ပြည်တွင်း ငါးမွေး မြူရေးကို ပိုမိုလုပ်ဆောင်လာနိုင်ပါက ရေထွက်ပို့ကုန်တင်ပို့မှုသည် ယခုထက် ပိုမိုမြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလို ရေထွက်ပို့ကုန် တင်ပို့ ပြန်လည်မြင့်တက်လာခြင်းသည် ဇွန်လမှ သြဂုတ်လအထိ ငါးမဖမ်းရ ရာသီသုံးလကို ရာခိုင်းနှုန်းပြည့် ပိတ်သိမ်းလိုက်ခြင်းကြောင့် တန်ဖိုးမြှင့်ငါးများ တန်ချိန်ပြည့် ရရှိလာခြင်း နှင့် နိုင်ငံတကာစံချိန်စံညွှန်း များ နှင့် ပြည့်မီသော စက်ရုံအရေအတွက်များ တိုးတက်လာခြင်းကြောင့်လည်း အီးယူသို့ တင်ပို့သည့် ဝင်ငွေများ တိုးတက်လာ ခြင်းတို့ကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

ဦးထွန်းဝင်းမြင့် က “ ရေထွက်ပို့ကုန်ကဏ္ဍက အများကြီးအလားအလာရှိတဲ့အတွက် အစိုးရကလည်း လုပ်ဆောင်နေတယ်။ နည်းပညာ နဲ့ အရင်းအနှီးကို အထိုက်အလျှာက်ဖြည့်နိုင်ပြီဆိုရင် ၁ ဘီလီယံကနေ ၂ ဘီလီယံ နောက် ထိုင်း တို့ ဗီယက်နမ် တို့ နီးတူ လိုက်တင်ပို့ နိုင်လာမှာ” ဟု ဆိုသည်။

ငါးလုပ်ငန်းရှင်များ ငွေကြေး အရင်းအနှီးရရှိနိုင်ရန်အတွက် အစိုးရအနေဖြင့်လည်း လုပ်ဆောင်ပေးလျက်ရှိပြီး လုပ်ငန်း ရှင်များဘက်ကလည်း မိမိလိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးထွန်းဝင်းမြင့် က ပြောဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် Global Earth Agro and Aqua Industry အများပိုင်ကုမ္ပဏီက စတင် လုပ်ဆောင်နေပြီဖြစ်သော ငါးသားဖောက်လုပ်ငန်းများမှ ပြည်ပသို့ တင်ပို့ နိုင်သည့်အထိ လုပ်ဆောင်မည် Food Industry Complex စီမံကိန်းအရလည်း လာမည့် ၂၀၂၀ ခုနှစ်တွင် ပြည်ပ ရေထွက်ကုန် တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရှိလာနိုင်မည်ဟု လုပ်ငန်းရှင်များ နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က မျှော်မှန်းထားသည်။

မြန်မာနိုင်ငံငါး၊ ပုစွန်အစာထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ သက်မှူး က “ဒီစီမံကိန်းက Export အတွက်လုပ်တာ အဲ့ဒီမှာက သားဖောက်စခန်းရော၊ အစာစက်ရုံရော ငါးကန်တွေရော အပြီးအစီးဖြစ်တဲ့အတွက် တရုတ် လိုချင်တဲ့ ငါးတွေလည်း ပို့နိုင်မယ်။ ထိုင်းကနေ တရားမဝင် ဝင်လာနေတာတွေကို တားဆီးနိုင်မယ်။ နောက်ပြီး အီးယူ နဲ့ အမေရိကန် တင်ပို့နိုင်တယ်အထိ ဖြစ်လာ နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံမှ ရေထွက်ပို့ကုန် တင်ပို့ကို တရုတ် နိုင်ငံကို အဓိက တင်ပို့လျက်ရှိပြီး ၎င်းနောက်တွင် ထိုင်းနိုင်ငံ၊ ဂျပန် နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ရှိပြီး ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ် ၊ ပုစွန် နှင့် ဂဏန်း အပါအဝင် အခြား ရေထွက်ကုန်များကို တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်များ တင်ပို့မှုတွင် အိမ်နီချင်း နိုင်ငံများ နှင့် နှိုင်းယှဉ်ပါက ၆ ဆမှ ၈ ဆ ခန့် နည်းပါးနေေ သးခြင်းကြောင့် သဘာဝမှ ဖမ်းဆီးခြင်းထက် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လာရေးအတွက် အစိုးရ နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တို့က လုပ်ဆောင်လျက်ရှိသည်။

The post မြန်မာ့ရေထွက်ပို့ုကုန် တင်ပို့မှု ၅ နှစ် အတွင်း စံချိန်တင်မြင့်တက် appeared first on ဧရာဝတီ.

တွန်းဇံ၌ ကျောင်းဆရာမတဦးကို ပစ်သတ်သွားသည့် တရားခံအား လိုက်လံ ဖမ်းဆီးနေ

$
0
0

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်း ကျေးရွာအုပ်စု၊ တွီးဗျဲာလ်ဇန် ကျေးရွာ၌ တာဝန်ကျသည့် မူလတန်းကျောင်း ဆရာမတဦးအား သေနတ်ဖြင့် ပစ်ခတ်သွားသည့် တရားခံအား လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ကျီးခါးမြို့ရဲစခန်းမှ စခန်းမှူးက အတည်ပြု ပြောကြားသည်။

နိုဝင်ဘာလ ၁၇ ရက် ည ၉ နာရီခွဲခန့်တွင် တရွာတည်းနေသည့် ကသည်းလူမျိုး အသက် ၄၂ နှစ်အရွယ် ဘီနာ့ဆိုသူက အဆိုပါ ဆရာမကို တောလိုက်သည့် ၁ လုံးထိုး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး၊ သေနတ်ဒဏ်ရာကြောင့် ရွာသားများမှ ထမ်းစင်နှင့် ဆေးရုံသို့ ပို့ဆောင်နေစဉ် လမ်း၌ သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

စခန်းမှူး ရဲအုပ် မျိုးမင်းဦးက “ဘီနာ့ရဲ့သမီးလေးကို ဆရာမက ခေါ်သွားတဲ့ ကိစ္စနဲ့ စကားများခဲ့တယ်။ အဲဒါကို မကျေနပ်လို့ သူ့သမီး ပြန်မရလို့ သတ်တာ။ သူ့သမီးက အသက် ၁၆ နှစ် ရှိပြီ။ ကောင်မလေးကို ဆရာမက မွေးစားဖို့လား၊ အလုပ်လုပ် ခိုင်းဖို့လားတော့ မသိဘူး ခေါ်သွားတာ” ဟု ပြောသည်။

တရားခံအား လူသတ်မှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး လိုက်လံ ဖမ်းဆီးလျက်ရှိ ကြောင်း ၎င်းက ပြောဆိုသည်။

သေနတ်ဖြင့် ပစ်ခံရသည့် ကျောင်းဆရာမသည် ဘီနာ့၏ သမီးကို သူ၏ ခွင့်ပြုချက် မရဘဲ ခိုင်ကမ်းမြို့ကို ခေါ်ဆောင်သွား သဖြင့် ဆရာမအား မကျေနပ်သည့်အတွက် ယင်းသို့ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအုပ် မျိုးမင်းဦးက ရှင်းပြသည်။

ဟိုင်ကျင်း ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးကမ်ဇအင်က “ပစ်တဲ့သူက မရှိတော့ဘူး ထွက်ပြေးသွားပြီ။ သေနတ်သမား ဆိုတော့ ကျေးရွာ အချင်းချင်းလည်း မလုပ်ရဲတဲ့ သဘော ဖြစ်မလားတော့ မသိဘူး။ နယ်စပ်ဆိုတော့လေ ၁ ဖာလုံလမ်း လျှောက်လိုက်ရင် ကုလားပြည် ရောက်သွားတာဆိုတော့ တဖက်နိုင်ငံကို ထွက်သွားပြီလို့ ပြောကြတယ်”ဟု ဆိုသည်။

ကျီးခါး ရဲစခန်းမှူးက “ကျနော်တို့ကတော့ အခု ဟိုဘက် စစ်တပ်နဲ့ ချိတ်ဆက်ပြီး အကူအညီ တောင်းထားတယ်။ ဥက္ကဋ္ဌ တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဖုန်း အဆက်အသွယ် ရှိတော့ မိဖို့ များပါတယ်။ ကျနော်တို့ ဖမ်းဖို့လည်း လုပ်ထားပါတယ်”ဟု ပြောသည်။

ဟိုင်ကျင်း ကျေးရွာမှ ၉ မိုင်ခန့်ဝေးသော တွီးဗျဲာလ်ဇန် ကျေးရွာသည် အိမ်ခြေ ၁၀ အိမ်ကျော်သာရှိပြီး မြန်မာနှင့် အိန္ဒိယ ၂ နိုင်ငံ နယ်စပ်မှာ ၄ မိုင်သာ ကွာဝေးသည်ဟု သိရသည်။

The post တွန်းဇံ၌ ကျောင်းဆရာမတဦးကို ပစ်သတ်သွားသည့် တရားခံအား လိုက်လံ ဖမ်းဆီးနေ appeared first on ဧရာဝတီ.

လူမူဖူလုံရေးကြေးပေးရန် ထပ်မံပျက်ကွက်က တရားစွဲမည်ဟု World Jin အထည်ချုပ်ကို သတိပေး

$
0
0

အလုပ်သမားများထံမှ လူမူဖူလုံရေးကြေးများ ကောက်ယူထားသော်လည်း အစိုးရသို့ ပြန်လည် ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ကိုရီးယားနိုင်ငံသားပိုင် World Jin Myanmar အထည်ချုပ်စက်ရုံကို နောင်တွင် ထပ်မံ ပျက်ကွက်ပါက တရားစွဲ မည်ဟု အစိုးရက သတိပေးလိုက်သည်။

ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ အဆိုပါ စက်ရုံသည် လွန်ခဲ့သည့် ၈ လခန့်ကတည်းက အလုပ်သမားများ၏ လူမှု ဖူလုံရေးကြေးများ ပေးသွင်းရန် ပျက်ကွက်သဖြင့် အလုပ်သမားများက ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်၊ ထို့အတွက် ပျက် ကွက်သည့် ၈ လစာထဲမှ ၂ လစာကို နိုဝင်ဘာ ၁၄ ရက်က ပေးသွင်း ခဲ့ကြောင်း၊ ကျန်ရှိသည့် ၆ လစာကို ၁၂ လပိုင်း၌ နောက် ဆုံးထား၍ ၂ကြိမ် ခွဲသွင်းပေးမည်ဟု အလုပ်ရှင်မှနေ၍ မြို့နယ် လူမှုဖူလုံရေးရုံးသို့ သွားရောက်ညှိနှိုင်းခဲ့ကြောင်း အလုပ် သမားများထံမှ သိရသည်။

“အခုက စက်ရုံကို ခံဝန်ကတိလည်း ထိုးခိုင်းထားပြီးပြီ။ ကွင်းဆင်းစစ်ဆေးပြီးလို့ မသွင်းရသေးတဲ့ လူမှု ဖူလုံရေးကြေးကို ဘယ်နေ့ ဘယ်ရက်မှာ အကြေ ပေးသွင်းမလဲပေါ။့ အဲဒီလိုမေးလို့မှ မပေးနိုင်ဘူးဆိုရင် တရားစွဲတဲ့အဆင့်ကို လုံးဝကို လုပ် မယ်ဆိုပြီး အလုပ်ရှင်ဘက်ကို တိုင်းလူမှုဖူလုံရေး တိုင်းဦးစီးမှူး ဦးမောင်မောင်မင်းက ပြောလိုက်တယ်” ဟု အလုပ်ရှင် အလုပ်သမား ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်သည့် ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အဖွဲ့မှ ကိုအောင်သူဟိန်းက ပြောပြသည်။

လူမှုဖူလုံရေးဥပဒေတွင် အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် လူမှုဖူလုံရေးကြေးကို လုပ်ငန်းရှင် က ၃ ရာခိုင်နှုန်းနှင့် အလုပ်သမားများဘက်မှ ၂ ရာခိုင်နှုန်းစီ ထည့်ဝင်ရမည်ဟု ပြဋ္ဌာန်းပြီးဖြစ်သည်။

သို့သော် World Jin Myanmar စက်ရုံပိုင်ရှင်သည် အလုပ်သမားများ၏ လစဉ်ဝင်ငွေမှ လူမှုဖူလုံရေးကြေးကို လစဉ် ဖြတ် တောက်ခဲ့သော်လည်း အစိုးရသို့ ပေးသွင်းရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။

ထို့အတွက် ယမန်နေ့ နိုဝင်ဘာ ၁၈ရက်က အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးမှုကို ပြုလုပ်စဉ် တိုင်းလူမှုဖူလုံရေး ဦးစီးမှူးက ယခုကဲ့သို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

စက်ရုံပိုင်ရှင်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး တိုင်းလူမှုဖူလုံရေး၌ ခံဝန်ကတိရေး ထိုးထားရပြီး လာမည့် ရက်ပိုင်း အတွင်း အဆိုပါစက်ရုံကို အစိုးရနှင့် စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

စက်ရုံအလုပ်သမာ မနန်းခင်မွှေးက “လုပ်သက်ခွင့်နဲ့ အချိန်ပိုကြေး ကိစ္စတွေတော့ ညှိနှိုင်းလို့ရခဲ့တယ်။ လုပ်သက်ကြေး ကိုတော့ ဘာမှမပြောသေးဘူး ထပ်ညှိ ရဦးမယ်။ ဒါတွေအကုန် ညှိနှိုင်းလို့ မပြီးမချင်း ကျမတို့ကတော့ အလုပ်ပြန် မဆင်း သေး ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

စက်ရုံအလုပ်သမတဦးဖြစ်သည့် မဖြိုးပပကလည်း “ကျမ က ကိုယ်ဝန် ၆ လကျော်ပြီ။ လုပ်သက်က ၁ နှစ်ကျော်ပြီ။ စက်ရုံသူဌေးက လစာထဲကနေ လတိုင်း လူမှု ဖူလုံရေးကြေး ဆိုပြီး ဖြတ်တယ်။ အခုမှ မသွင်းထားဘူးဆိုတော့ ခွင့်ယူဖို့၊ ဆေးရုံတက်ဖို့၊ ခံစားခွင့်ကိစ္စတွေကို စိတ်ပူနေတယ်။ ပထမတခါ ဆန္ဒပြတုန်းကလည်း သူက ခံဝန်ထိုးတယ်။ ဒါပေမယ့် လုပ်ပေးခြင်း မရှိဘူး”ဟု ပြောပြသည်။

လက်ရှိတွင် ညှိနှိုင်းဖျန်ဖြေမှုများအရ လူမူဖူလုံရေးကတ် မရှိသည့် စက်ရုံအလုပ်သမားများကိုလည်း နှစ်ရက်အတွင်း ကတ် ရရှိအောင် လုပ်ဆောင် ပေးသွားမည်ဖြစ်ပြီး လူမှုဖူလုံရေး ခံစားခွင့်များတွင် ပါဝင် ဆေးကုသခွင့်များ နှင့် အကျိုး ခံစားခွင့် များကို ရရှိအောင် လုပ်ဆောင်ပေးသွားမည်ဟု အလုပ် သမားကို အစိုးရဘက်က ကတိပေး ပြောကြား သွားခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအရေး ဆောင်ရွက်သူများအဖွဲ့ထံက သိရသည်။

လူမှုဖူလုံရေး နည်းဥပဒေ၏ အခန်း ၁၀၊ ပုဒ်မ ၉၂ တို့တွင် သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးသည် အလုပ်ရှင်က ထည့် ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို ပေးသွင်းရန် တမင် ပျက်ကွက်ကြောင်း တွေ့ရှိပါက တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။

ထို့ပြင် အခန်း ၁၁ ပုဒ်မ ၉၃ တွင် တရားစွဲဆိုခံရသော အလုပ်ရှင်သည် ထည့်ဝင်ကြေးများနှင့် ပျက်ကွက်ကြေးများကို ပေး သွင်းရန် တမင် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားလျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယင်းကိစ္စများ နှင့် ပတ်သက်ပြီး ကိုရီးယားနိုင်ငံသားပိုင် World Jin အထည်ချုပ်စက်ရုံကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ေ သာ် လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပါ။

ရွှေပြည်သာမြို့နယ် လူမှုဖူလုံရေးဌာန ဦးစီးမှူး ဦးခင်ဝင်းမောင်ကလည်း ယင်းကိစ္စ နှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တိုင်းလူမှုဖူလုံရေးကိုသာ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

World Jin Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများသည် လူမှုဖူလုံရေးကြေး ထည့်သွင်ရန် ပျက်ကွက်ခြင်း အပါ အဝင် လုပ်သက်ခွင့် ခံစားခွင့်များ မပေးခြင်း၊ ပထမအကြိမ် ဆန္ဒပြတောင်း ဆိုစဉ် က လိုက်နာမည်ဟု ကတိပြု ထားသည့် အချက်များကို ထပ်မံဖောက်ဖျက်ခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်များ ရရှိရန်၊ လုပ်ခလစာနှင့် အချိန်ပိုကြေးများ၊ မှန်မှန်ကန်ကန် တွက်ချက်ရန်၊ လုပ်သက် ၁ နှစ်ပြည့်ပြီး အလုပ်သမားများ ၁ ရက် လုပ် အားခနှုန်းထားကို ကျပ် ၅၀၀ တိုးမြှင့်ပေးရန် စသည့် အလုပ်သမား အခွင့်အရေးများအတွက် နိုဝင်ဘာ ၇ရက်နေ့ကတည်း က ဆန္ဒပြနေခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် –  လူမှုဖူလုံရေးကြေး အလွဲသုံးစားလုပ်ခံရ၍ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

The post လူမူဖူလုံရေးကြေးပေးရန် ထပ်မံပျက်ကွက်က တရားစွဲမည်ဟု World Jin အထည်ချုပ်ကို သတိပေး appeared first on ဧရာဝတီ.

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်ဦးရေ တိုးလာ

$
0
0

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း၌ တပ်မတော်နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ တိုးလာကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်မှ ၁၈ ရက် နံနက်ပိုင်းအထိ တိုက်ပွဲရှောင် ၈၀၀ ကျော် ရှိခဲ့ရာမှ ယနေ့ ၁၉ ရက်အထိ စာရင်းကောက်ခံထားချက် အရ ၁၂၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ကြောင်း ကျောက်မဲ မြို့ ဇီဝိတ လူမှုကူညီ ရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဆိုသည်။

၎င်းက “တိုက်ပွဲဖြစ်တာက ဟူနန်း၊ အာပြောင်၊ ကိုင်တိုင်မှာ ဖြစ်တယ်။ အာပြောင်နဲ့ ကိုင်တိုင် (ကြက်သေ) ပေါင်းပြီး ကျောက်ဖြူလေးဘက်ကို ပြေးလာတဲ့ တိုက်ပွဲရှောင်က ၁၂၀၀ လောက် ရှိတယ်။ အခု ကျောက်ဖြူလေး ဘုန်းကြီးကျောင်း မှာ ခိုလှုံနေကြပါတယ်။ သူတို့အတွက် လိုအပ်တာက စားနပ်ရိက္ခာပဲ” ဟု ပြောသည်။

ကျောက်မဲမြို့ရှိ အိုမ်တမောဝ်း လူမူကူညီရေး အသင်းမှ တာဝန်ရှိသူတဦးက တိုက်ပွဲရှောင်များမှာ ရိက္ခာ ပြတ်လပ်နေ သည့် အတွက် ထောက်ပံ့ရန် ဆန္ဒရှိသော်လည်း နယ်မြေအခြေအနေအရ တိုက်ပွဲများ ဖြစ်နေသဖြင့် အန္တရာယ်ကင်းစွာ သွားရောက် ကူညီနိုင်ရန် အခက်အခဲ ရှိနေသည်ဟု ဆိုသည်။

တိုက်ပွဲရှောင်များအား လိုက်လံ ကူညီပေးနေသည့် နယ်စည်းမခြား အဖွဲ့မှ ကိုမျိုးကလည်း တိုက်ပွဲရှောင်များ အတွက် လက်ရှိတွင် စားနပ်ရိက္ခာ၊ အနွေးထည်နှင့် စောင်များ လိုအပ်လျက် ရှိကြောင်း ပြောသည်။

၎င်းက “ကျနော်တို့ ဒီရွာ(အာပြောင်)ကို မေးတော့ စစ်ရှောင်လူဦးရေက ၇၀၀ လောက်ကို ရှိတယ်။ တိုက်ပွဲရှောင်လာတဲ့ ရွာတွေကတော့ ၄၊ ၅ ၊ ၆ ရွာလောက် ရှိတယ်။ သူတို့ အခု အဓိက လိုအပ်နေတာ စားသောက်ဖို့နဲ့ ရာသီဥတုက အေးလာ တာကြောင့် အနွေးထည်၊ စောင်တွေ လိုအပ်နေတယ်” ဟု ဆိုသည်။

တိုက်ပွဲရှောင်များသည် မိုင်း အန္တရာယ်ကို ကြောက်သည့်အပြင် ဆက်သွယ် သွားလာရေးလည်း ခက်ခဲသည့် အတွက် ရိက္ခာခြောက်များ လိုအပ်နေခြင်း ဖြစ်သည်ဟု အာပြောင်ကျေးရွာမှ တိုက်ပွဲရှောင်လာသူ တဦးက ပြောသည်။

ကိုမျိုးက “တိုက်ပွဲရှောင်တွေ ပြန်ဖို့ အခြေအနေကတော့ ဘာမှ မသိရသေးဘူး။ တိုက်ပွဲကတော့ အခု ၁ ရက်၊ နှစ်ရက် တော့ အသံ မကြားရသေးဘူး။ တိုက်ပွဲ ဖြစ်ရင်တော့ သူတို့တွေ ထွက်လာကြတာပဲ” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ကွတ်ခိုင်မြို့ ကုန်းဆာရွာ၊ ကုန်းဆာတောင်ကြောပေါ်တွင် တပ်မတော် နှင့်TNLA တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တိုက်ပွဲရှောင် ၁၀၀ ကျော် တိမ်းရှောင်ခဲ့ရသေးသည်။

ဆက်စပ်ဖတ်ရှုရန်

လားရှိုးမြို့ပေါ်ရပ်ကွက်တချို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

TNLA က လမ်းပေါ်တက် ဆက်ကြေးတောင်း၍ တိုက်ပွဲ ဖြစ်ရဟု တပ်မတော် ပြော

The post ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်ဦးရေ တိုးလာ appeared first on ဧရာဝတီ.

တပ်မတော်က ဖမ်းဆီးခဲ့သည့် ကျောက်တော်ဒေသခံ ၅ ဦး ရဲတပ်ဖွဲ့ထံ လွှဲပြောင်း

$
0
0

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင် တံတား အနီး တပ်မတော်က ဖမ်းဆီးခဲ့သည့် အရပ်သား ၅ ဦးကို ယနေ့ နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့ လက်ထဲသို့ လွှဲပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ အရပ်သား ၅ဦးမှာ ကျောက်တော် အခြေစိုက် အမှတ် ၃၇၄ တပ်ရင်းမှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ရန်နောင်ဝင်း အပါအဝင် တပ်ဖွဲ့ ဝင်တချို့ မိုင်းခွဲ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ များဖြစ်ပြီး၊ သရက်တပင်ကျေးရွာမှ ကိုနေမျိုးထွန်း၊ ရွာမပြင်ကျေးရွာမှ ကိုညီညီစိုး၊ စပါးဆိပ်ရွာမှ မောင်ကြည်လင်၊ ပြင်လှ ရွာမှ ဦးကုလားမောင်နှင့် မြေပုံမြို့နယ် ကိုစောသူဌေးတို့ဖြစ်သည်။

အမှတ် ၃၇၄ တပ်ရင်းမှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ရန်နောင်ဝင်း အပါအဝင် တပ်ဖွဲ့ ဝင်တချို့ မှာ နိုဝင်ဘာ ၁၃ရက်က ရန်ကုန် စစ်တွေ ကားလမ်းပေါ်ရှိ သရက်တံပင် တံတားအနီး AA လက်နက်ကိုင်တို့၏ မိုင်းခွဲ တိုက်ခိုက်ခြင်းကို ခံရခြင်းဖြစ် ပြီး၊ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ အချို့ ကျဆုံးခဲ့ရသည်၊ ထို့အတွက် နိုဝင်ဘာ ၁၄ရက်တွင် တပ်မတော် စစ်ကြောင်း တကြောင်းက သရက်တပင် တံတားအနီး စခန်းချနေထိုင်ကာ လူသွားလူလာ စစ်ဆေးရာ ၎င်းအရပ်သား ၅ဦးကို မသင်္ကာ သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ ကျနော် သိသလောက်ကတော့ အဖမ်းခံရသူတွေဟာ အရပ်သားတွေပါ။ ကိုညီညီစိုးဆိုလည်း ရွာမှာ ထော်လာဂျီ မောင်းနေတာ။ လက်မှာ အနာ ဖြစ်နေ တာကို ကျနော်ကိုယ်တိုင်လည်း တွေ့တယ်။ အခု ၅ ယောက်မှာ ၄ ယောက်ကတော့ အမှုဖွင့်ထားတယ်လို့ ရဲက ပြောပါ တယ်။ သရက်တပင်က ကိုနေမျိုးထွန်းကိုတော့ တပ်က စွဲချက် မပါတဲ့အတွက် သူ့ကို အာမခံနဲ့ လွတ်မယ်လို့ ပြောတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ အရပ်သား ၅ ဦးအနက် သရက်တပင်ကျေးရွာမှ ကိုနေမျိုးထွန်းကို ရဲစခန်းမှ အာမခံဖြင့် လွှတ် ပေးလိုက်ပြီး ကျန် ၄ ဦးကို အမှုဖွင့် ချုပ်နှောင်ထားကာ တွေ့ဆုံခွင့်လည်း မရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရ သည်။

ဖမ်းဆီးခံရသည့် မောင်ကြည်လင်း၏ ဖခင်ဖြစ်သူ ဦးသန်းမိုးက “ ကျနော်တို့ အခု ကျောက်တော်ရဲစခန်းကို ရောက်နေ ပါတယ်။ ကျနော့်သားကို ရိက္ခာပို့တယ်လို့ စွပ်စွဲချက်နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ ကျနော့် သားက ဘာရိက္ခာမှ လည်း ပို့တာ မရှိဘူး။ သရက်တပင်ရွာမှာ ဖွင့်ထားတဲ့ ဘော်ဒါဆောင်က ကျောင်းသားတွေကို ထမင်းပို့ဖို့ သွားတာမှာ အဖမ်းခံရတာပါ။ ဘော်ဒါဆောင်ကို ထမင်းချိုင့် ပို့တာလည်း အဲဒီ တရက်တည်း ပို့နေတာ မဟုတ်ဘူး။ သူက နေ့တိုင်း ပို့နေကြပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရွာမပြင်ကျေးရွာမှ ကိုညီညီစိုးမှာလည်း မိခင်အတွက် ဆေးဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်လာစဉ် အဖမ်းခံခဲ့ရသလို ပေါက် တောမြို့မှ ကိုစောသူဌေးမှာလည်း ကျောက်တော်မြို့၌ ရှိသည့် ဆွေမျိုးများ ရှိရာသို့ လိုင်းကားဖြင့် လိုက်ပါလာစဉ် သရက် တပင်ကျေးရွာ အရောက်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းအပြင် သရက်တပင် ကျေးရွာမှ ကိုနေမျိုးထွန်းမှာ နေအိမ်၌ ရှိနေစဉ် မသင်္ကာမှုဖြင့် အဖမ်းခံရခြင်း ဖြစ်ပြီး ပြင်လှ ကျေးရွာမှ ဦးကုလားမောင်မှာ သရက်တပင်ရွာသို့ အလုပ်ကိစ္စဖြင့် လာရောက်စဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အရပ်သားများ ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ မသိရှိကြောင်း ငြင်းဆိုပြီး ကျောက်တော် ရဲစခန်းသို့ မေးမြန်းရန်သာ ပြောသည်။

ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မ စခန်းမှူးထံ အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ ။

ဆက်စပ်ဖတ်ရှုရန် – ကျောက်တော် မိုင်းခွဲတိုက်ခိုက်မှုတွင် တပ်မတော်မှ အကျအဆုံးရှိဟု AA ဆို

The post တပ်မတော်က ဖမ်းဆီးခဲ့သည့် ကျောက်တော်ဒေသခံ ၅ ဦး ရဲတပ်ဖွဲ့ထံ လွှဲပြောင်း appeared first on ဧရာဝတီ.

ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ

$
0
0

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်တော် (AA) တို့ကြား တိုက်ပွဲ ဖြစ်ပွားမှု ပိုမိုပြင်းထန်လာရာ စစ်ရှောင် ဒုက္ခသည် ဦးရေ များပြားလာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် တနှစ်နီးပါး ကြာမြင့်လာရာ နှစ်ဘက် ထိခိုက် ကျဆုံး မှုများမှာလည်း ပိုမို များပြားလာလျက်ရှိသလို စစ်ရှောင်ဒုက္ခသည် ဦးရေလည်း ၁ သိန်းဝန်းကျင် ရှိလာကြောင်း အရပ် ဘက် အဖွဲ့အစည်းများက ပြောကြသည်။

“ရသေ့တောင် တမြို့နယ်ထဲမှာတင် စစ်ဘေးရှောင် သောင်းချီနေတယ်။ ရသေ့တောင် မြို့ပေါ်မှာလည်း ရှိတယ်။ စေ တီပြင်မှာလည်း ရှိတယ်။ အခုရက်ပိုင်းမှာ ၆ ရွာ၊ ၇ ရွာလောက်တောင် ထွက်ပြေးလာတယ်လို့ ကြားတယ်။ ရသေ့ တောင်မြို့ ပေါ်မှာတောင် လူတွေက အရမ်းများတဲ့အတွက် နေဖို့ထိုင်ဖို့တောင် အခက်အခဲတွေ ဖြစ်နေတယ်”ဟု ရသေ့တောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ဒေါ်ခင်စောဝေက“ရေတပ်က အမြောက်နဲ့ ပစ်တာတွေ ရှိတယ်။ လေယာဉ် ၂ စီးလာတယ်။ ပစ်၊ မပစ်တော့ မသိဘူး။ အဲဒါတွေကို ကြောက်ပြီးတော့ ထွက်ပြေးကြတာတွေ လည်း ရှိတယ်။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးကြတာတွေလည်း ရှိတယ်။ အများစုကတော့ တော်တော်လေးကို ကြောက်လန့်နေကြတယ်။ လောလောဆယ်မှာလည်း မပြန်ရဲကြ သေးဘူး”ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့ များပြားလျက်ရှိသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

“မနေ့က မြေပုံဘက်မှာ ဖြစ်တယ်။ ယောချောင်းတံတား မြောက်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ နည်းနည်း ပြင်းထန်တယ်။ အချိန် များတယ်။ ၃ နာရီကနေ ၅ နာရီလောက်အထိ ကြာတယ်။ တိုက်ပွဲ ပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိတယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြော သည်။

ထို့ပြင် ရသေ့တောင်မြို့နယ် ရေဆိုးချောင်းနယ် ကျောက်တန်းကျေးရွာအနီး မီတာ ၃၀၀၀ ခန့်အကွာ တိုက်ပွဲတွင် AA ဘက်မှ လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိလိုက်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “လွန်ခဲ့တဲ့ ၂ ရက်က ရသေ့တောင်မှာ ရှိတဲ့ တပ်ရင်းဌာနချုပ်ကို သူ့ရဲ့ အရှေ့မြောက် ဘက်မှာ ရှိတဲ့ ငတောက်တို ကျေးရွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သွားခဲ့တာ ရှိပါတယ်။ ည ၁၁ နာရီ ၄၅ လောက်မှာ ဖြစ်သွားတာ။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိဘူး”ဟု ပြောသည်။

AA အဖွဲ့၏ နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ချက်တွင် တပ်မတော်ဘက်မှ လက်နက်ခဲယမ်းများ ထပ်မံ ဖြည့် တင်းလာမှုကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လိမ့်မည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သေဆုံးသူ ၈၀ နှင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သူ ၁၂၀ အထိ တိုးလာကြောင်းလည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်း သာစိန်က ပြည်နယ် လွှတ်တော်သို့ တင်ပြ ဆွေးနွေးခဲ့ဖူးသည်။

တပ်မတော်နှင့် AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တို့သည် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တိုက်ပွဲများ ရပ် တန့်ရန် ဆွေးနွေးနေကြသော်လည်း အောင်မြင်မှု မရရှိဘဲ ရခိုင်ပြည်နယ်တွင် လက်ရှိ အချိန်အထိ တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင် ခြေကုပ်ယူခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် မြောက်ဦး မြို့နယ်များတွင် ဝင်ရောက် လှုပ်ရှားကာ တပ်စခန်းနေရာ အခိုင်အမာ ရရှိရန် ကြိုးစားလျက် ရှိသည်။

AA အဖွဲ့ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် လူငယ် ၂၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ပဋိပက္ခနှင့် သပွတ်အူ မြန်မာ့နိုင်ငံရေး 

ရခိုင်ဒုက္ခသည်များကို ငဲ့ညှာ၍ စစ်ပွဲရပ်ပြီး စားပွဲဝိုင်းတွင်ဆွေးနွေးရန် တောင်းဆို

ဖမ်းဆီးထားသည့် ၁၃၁ ဦးကို AA နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဟု တပ်မတော်ပြော  

The post ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ appeared first on ဧရာဝတီ.


ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ

$
0
0

လွန်ခဲ့သောအပတ်က တရုတ်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ သန်းလှူဒါန်းပြီး အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က နေပြည်တော်ရှိ အဆင့်မြင့်အရာရှိများသို့ ထိုငွေကို လွှဲပြောင်းပေးနေသည့် ပုံကိုတွေ့ရသည်။

သူပေးလိုသော သတင်းစကားမှာ မြန်မာပြည်သူတို့အနေဖြင့် ငြိမ်းချမ်းရေးကို ခံစားသင့်သည်ဟူ၍ပင်။ သို့သော် သူ၏စကားများ မကြာမီတွင်ပင် လေထဲတွင် ရုတ်တရက် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။

မည်သည့်အတွက်ကြောင့်နည်း။

ပထမအချက်မှာ မြန်မာပြည်သူများသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများ အဆုံးသတ်တော့မည် သို့မဟုတ် မိမိတို့သည် မကြာမီ ငြိမ်းချမ်းစွာနေထိုင်ရတော့မည်ဟု တရုတ်အထူးသံတမန် ဖြစ်စေလိုချင်သလို ယုံကြည်လောက်အောင် မညံ့ကြခြင်းဖြစ်သည်။

ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် စိတ်ထက်ကြောင်း သိရသည်မှာ ကောင်းသော်လည်း အခြေအနေကို ဝေဖန်စမ်းစစ်လေ့လာသူများကမူ တရုတ်သည် အမျိုးမျိုးသော လက်နက်ကိုင်အုပ်စုများအကြားတွင် ရိုးသားသော ကြားပွဲစားဟု ယုံကြည်လက်ခံရန် ဝေးကွာနေခြင်းဖြစ်သည်။

နိုင်ငံမြောက်ပိုင်း တိုင်းရင်းသားဒေသများမှ ပဋိပက္ခများ ပိုမိုနက်ရှိုင်းလာသည်ကို မြင်တွေ့ရပြီးနောက် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်ကို အများကမေးခွန်းထုတ်ကြသည်။ နိုင်ငံမြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ရှည်ကြာသော သြဇာသည် သွယ်ဝိုက်ရှိသည်ဆိုလျှင်ပင် နက်နက်ရှိုင်းရှိုင်း မှတ်တမ်းတင်ထားရမည့်ကိစ္စဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သော မြန်မာကွန်မြူနစ်များကို ကာလကြာရှည်စွာ ထောက်ခံခဲ့ပြီးနောက် ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများကို ဆက်လက်ကူညီသည်။ ထို့ကြောင့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူလူထုထံမှ တရုတ်နိုင်ငံသည် မည်မျှယုံကြည်မှု ရနိုင်မည်နည်း။

တနည်းအားဖြင့်ဆိုရပါက မြန်မာပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများအပါအဝင် ပြည်သူ မည်ရွေ့မည်မျှသည် တရုတ်နိုင်ငံကို အပြည့်အ၀ ယုံကြည်ကြပါသနည်း။

တရုတ်နိုင်ငံသည် အရေးပါသော အိမ်နီးချင်းဖြစ်ပြီး ရခိုင်မြောက်ပိုင်း အကျပ်အတည်းအတွင်း တရုတ်နိုင်ငံ၏ထောက်ခံမှုနှင့် ကုလသမဂ္ဂတွင် မြန်မာအစိုးရဘက်မှ ရပ်တည်ရန် စိတ်ထက်သန်ခြင်းကို မြန်မာနိုင်ငံက အသိအမှတ်ပြုထားပြီးဖြစ်သည်။

ပိုမိုရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန်နှင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးသမားများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် မီဒီယာအချို့ကို တရုတ်နိုင်ငံသို့ တသီတတန်း ဖိတ်ခေါ်ခြင်းဖြင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ စီမံကိန်းများ သံသယပြေပျောက်စေရန် ကြိုးစားမှုများရှိသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သတင်းစကားများကို ပိုမို အဓိပ္ပါယ်ပြည့်ဝသည့် ချစ်ကြည်ရင်းနှီးမှုအဖြစ် ဖွင့်ဆိုခြင်း မရှိသေးပေ။ ပေါက်ဖေါ် သို့မဟုတ် ညီရင်းအကို ဆက်ဆံရေးဟု ဆိုနေစေကာမူ တရုတ်နှင့်မြန်မာအကြားဆက်ဆံရေးသည်  မေတ္တာတရားထက် မုန်းတီးမှု ပိုများနေသည်။

အနောက်နိုင်ငံများနှင့်လည်း အလားတူပင်ဖြစ်သည်။ တရုတ်ကို ဝေဖန်ရာတွင် ပါဝင်ရေး မြန်မာနိုင်ငံတွင် လူမှုအခြေပြုအဖွဲ့အစည်းများ၊ ပြည်တွင်းမီဒီယာနှင့် တက်ကြွလှုပ်ရှားသူများကို ထောက်ခံ၊ ချီးမြှင့်မှုများ ပေးနေသည်။ ယနေ့ မြန်မာနိုင်ငံသည် တရုတ်နှင့်အနောက်တိုင်းတို့ သြဇာအာဏာအတွက် နပန်းသတ်ရာ ကွင်းဖြစ်နေသည်။

သေချာသည့် အချက် တခုရှိသည်။ အနောက်နိုင်ငံများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည်ကို တရုတ်နိုင်ငံက လိုလားခြင်း မရှိပေ။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရခေတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သော အနောက်တိုင်း မိတ်ဖက်များအပါအဝင် အဓိကကျသော အလှူရှင်အများအပြား ရှိသည်။ ယခုအခါ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက ပါဝင်ပတ်သက်သူအဖြစ် ၎င်းကိုယ်၎င်းနေရာချထားသည်။ သို့သော် မိမိတို့သည် ငြိမ်းချမ်းရေးနှင့် တစုံတရာ ပိုမိုနီးကပ်လာပါသလား။

လက်ရှိအချိန်အထိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ကူညီရန် ကတိကဝတ်ရှိနေသော်လည်း တိုင်းရင်းသားဒေသများတွင် အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုနှင့် ပဋိပက္ခလျှော့ကျခြင်းမရှိပေ။ လက်တွေ့တွင် ပိုမို ဆိုးရွားလာသေးသည်။ မည်သည့်အတွက်နည်း။

ကနဦးက ကချင်ပြည်နယ်တွင် စတင်ထူထောင်သော ရက္ခိုင့်တပ်မတော် (AA)  သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ထိုဒေသတွင် အခိုင်အမာခြေကုပ်ရယူထားသည်။

AA သည် တရုတ်နိုင်ငံက တစုံတရာသြဇာလွှမ်းမိုးမှုရှိသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည်။ ထိုလက်နက်ကိုင်အဖွဲ့အစည်းများသည် တရုတ်နိုင်ငံနှင့် ဆရာ-တပည့် ဆက်ဆံရေးရှိသည်ဟု ဆိုနိုင်သည်။ ကြီးမားသော စီးပွားရေးအကျိုးစီးပွားများနှင့် တရားဝင်နှင့် မြေအောက် စီးပွားရေးလုပ်ငန်းအများအပြားတွင် အကျိုးစီးပွားများ ရှိကြသော ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့ပိုင်နက်အသီးသီးတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွားကိုလည်း အကာအကွယ်ပေးကြသည်။

အံ့သြစရာကောင်းသည်မှာ AA သည် အိန္ဒိယက ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန် စီမံကိန်းကို မကြာသေးမီက ပစ်မှတ်ထားလာခြင်းဖြစ်သည်။ ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို မြန်မာနိုင်ငံ အနောက်ပိုင်းဖြင့် လမ်းကြောင်းမျိုးစုံမှ ချိတ်ဆက်မည့် စီမံကိန်းဖြစ်သည်။ AA ၏နောက်ကွယ်တွင် မည်သူရှိသနည်းဟု မေးစရာဖြစ်လာသည်။ ရခိုင်ပြည်နယ်သည် ဒေသတွင်းပြိုင်ဖက် အင်အားကြီးများဖြစ်သည့် တရုတ်နှင့်အိန္ဒိယတို့အကြား ကစားကွင်းဖြစ်နေသည်လားဟု မေးစရာဖြစ်လာသည်။

ထိုသို့ဖြစ်လျှင် ယခုအချိန်အထိ တရုတ်နိုင်ငံသည် အသာစီး ရနေသည်ဟု ဆိုရမည်။

ဥပမာဆိုရပါက တရုတ်ဓါတ်ငွေ့ပိုက်လိုင်း သို့မဟုတ် ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်မည့် မြန်နှုန်းမြင့်ရထားလမ်း အပါအဝင် အနာဂတ် စီမံကိန်းများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများ၏ နယ်မြေများကို ဖြတ်သန်းသွားသောကြောင့် ထိုအဖွဲ့အစည်းများသည် တရုတ်နိုင်ငံ သို့မဟုတ် တရုတ်ကုမ္ပဏီများထံမှ ငွေပေးချေမှု အကြီးအကျယ် ရနိုင်မည်ဖြစ်သည်။ ထို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒေသတွင်းမှ အခွန်များ၊ မူးယစ်ဆေး၊ ငွေညှစ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများလည်ပတ်ခြင်းတို့မှ ရရှိသော ဝင်ငွေများနှင့် ပြည်ပနှင့် ပြည်တွင်း ကုမ္ပဏီများမှ ပုံမှန်ရရှိသည့် ကြီးမားသော အခွန်အကောက် ဝင်ငွေများဖြင့် ၎င်းတို့၏ တပ်များကို တည်ဆောက်ကြသည်ဟုသည့် စွပ်စွဲချက်များလည်း ရှိသည်။ တရုတ်ကုမ္ပဏီများအတွက် ချွင်းချက်ရှိမည် မဟုတ်ပေ။

စစ်အင်အားကြီးထွားလာသောအခါ တိုင်းရင်းသားလက်နက်ကိုင်များသည် မြန်မာအစိုးရနှင့် တပ်မတော်တို့နှင့် အပေးအယူလုပ်ရန် ၎င်းတို့၏ စစ်အင်အားကို မကြာသေးမီလမျာအတွင်း ပြသလာကြသည်။ ညီနောင်မဟာမိတ်များသည် ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်-မြန်မာကုန်သွယ်ရေးတွင် အရေးပါသော မန္တလေး-မူဆယ်လမ်းကို အတင့်ရဲစွာ ဝင်တိုက်သည်။

ထိုတိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၏ ပိုမိုနက်ရှိုင်းလာသော ပဋိပက္ခတွင် ရိုးသားသော ကြားပွဲစားအဖြစ် မသတ်မှတ်နိုင်ကြောင်း နေပြည်တော်မှ တပ်ခေါင်းဆောင်များ တိတ်တဆိတ် ငြီးငြူလာကြသည်။

အစိုးရကလည်း မည်သို့သဘောထားမည်နည်း။ တရုတ်နိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများကို အပေးအယူများအဖြစ် အိတ်တွင်ထည့်ပြီး မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများကို ကာကွယ်နေသည်ဟု အစိုးရက သဘောထားနိုင်သည်။ သတင်းစကားမှာ ရှင်းလင်းလှသည်။ မြန်မာနိုင်ငံသည် တရုတ်အကျိုးစီးပွားကို အကျိုးပြုရန် ပျက်ကွက်ပါက နိုင်ငံတွင် ဖရိုဖရဲဖြစ်မှုများနှင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်နိုင်သည်ဟူသော သတင်းစကားပင်ဖြစ်သည်။

ရခိုင်ပြည်နယ်မှ ခန့်မှန်းခြေတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၅ ဘီလျှံ (ကျပ် ၁၁.၃၃ ထရီလျှံ) ရှိသော ရေနက်ဆိပ်ကမ်းကို လွန်ခဲ့သောနှစ်က ပထမအဆင့်အဖြစ် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျှံသို့ လျှော့ချလိုက်သည်။ ထိုစီမံကိန်းအရွယ်အစားကို လျှော့ချလိုက်သော ဆုံးဖြတ်ချက်ကြောင့် တရုတ်နိုင်ငံ စိတ်မချမ်းမမြေ့ဖြစ်ရကြောင်းမှာ ထင်ရှားလှသည်။

ထို့အပြင် ကချင်ပြည်မှ အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အစိုးရက ရေငုံနှုတ်ပိတ်နေသည်။ ထိုစီမံကိန်း ဆိုင်းငံ့ထားခြင်းကို ပယ်ဖျက်လိုက်ပါက လူထုဆန့်ကျင်မှုဖြစ်စေပြီး အစိုးရပြုတ်ကျသွားနိုင်သည်ကို သိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဝမ်းနည်းစရာကောင်းသောအချက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းသည် တရုတ်နိုင်ငံ၏ သြဇာအောက်တွင် ကျရောက်နေသည်ဟူသောအချက်ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် မြန်မာနိုင်ငံသားအချို့ တရုတ်သည် မြန်မာနိုင်ငံကို ယူနန်ပြည်နယ်၏ တိုးချဲ့ပြည်နယ်အဖြစ်သဘောထားသည်ဟု ပြောဆိုမှုများကိုဖြစ်စေသည်။

သို့သော် ထိုမျှနှင့် မရပ်သေးပေ။ ကရင်ပြည်နယ်တွင် တရုတ်စီးပွားရေးသြဇာတိုးချဲ့ခြင်းကြောင့်လည်း သတိပေးခေါင်းလောင်းသံမြည်နေသည်။

တရုတ်နိုင်ငံပိုင် Jilin Yatai Group Company Ltd သည် ဒေသခံ ကရင်စစ်ဘုရင်တဦးနှင့် ပူးပေါင်းကာ  ထိုင်းမြန်မာ နယ်စပ်အနီး ရွှေကက္ကိုတွင် တရုတ်ခရီးသည်များအတွက် လောင်းကစားကွင်းအဖြစ် နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းတခုကို အကောင်အထည်ဖေါ်နေသည်။ ထိုဒေသသည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင် တိုင်းရင်းသား နယ်ခြားစောင့်တပ်ဖွဲ့တခုက ထိန်းချုပ်ထားသော ဒေသဖြစ်သည်။

၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည့် ထိုစီမံကိန်းသည် ကြီးမားလှသော စီမံကိန်းကြီးဖြစ်ပြီး ထိုဒေသသို့သွားရောက်သော ဧရာဝတီသတင်းထောက်သည် အဆောက်အအုံများအပါအဝင် တည်ဆောက်ဆဲစီမံကိန်းကို တွေ့မြင်ခဲ့သည်။

ထိုဒေါ်လာသန်းပေါင်းများစွာတန်သော စီမံကိန်းတွင် ဇိမ်ခံအိမ်ကြီးများ၊ ဖျော်ဖြေရေး အဆောက်အအုံများ၊ ဆူပါမားကက်များ၊ ကုန်တိုက်များ၊ ရဲစခန်းတခု၊ ကုန်သိုလှောင်ရုံများ၊  အခန်း ၁၂၀၀ ပါသော ဟိုတယ်တခု၊ ကာစီနိုလောင်းကစားရုံများ၊ စက်မှုဇုန်တခုနှင့် သားရိုင်းတိရစာ္ဆန် ဘေးမဲ့တောတခုတို့ပါဝင်သည်ဟု သတင်းများကဆိုသည်။

ဒေသခံများက ထိုစီမံကိန်းနှင့် ၎င်းတို့၏ ဆိုးကျိုးများနှင့် မကြာမီ အနာဂတ်တွင် တရုတ်ရွှေ့ပြောင်းအခြေချများ အလုံးအရင်းနှင့် ဝင်ရောက်လာမည့် အလားအလာအတွက် လွန်စွာစိုးရိမ်နေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသည်လည်း ထိုကိစ္စအတွက် ပူပန်မှုရှိနေသည်။

ရှမ်းပြည်တောင်ပိုင်းမှ ပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဒေသခံများ ဆန့်ကျင်နေသည့် တီကျစ်ကျောက်မီးသွေး စက်ရုံသည်လည်း အလားတူပင်ဖြစ်သည်။ လေထုညစ်ညမ်းမှုကို ဒေသခံများက တိုင်ကြားသောကြောင့်  ထို ၁၂၀ မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံကို ၂၀၁၄ ခုနှစ်က ဆိုင်းငံ့ခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က စက်ရုံကို အဆင့်မြှင့်တင် လည်ပတ်ရန် အခြားတရုတ်ကုမ္ပဏီတခု ဖြစ်သော Wuxi Huagaung Electric Power Engineering သို့ ၂၂ နှစ် အငှားချထားပေးလိုက်သည်။

အလားတူစွာပင် မြန်မာနိုင်ငံမှ အခြားတရုတ်စီမံကိန်းများသည်လည်း နွေးထွေးသောကြိုဆိုမှု မရရှိကြဘဲ ဒေသခံလူမှုအသိုင်းအဝန်းများနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကြောင့် ပြင်းထန်သော ဆန့်ကျင်မှုများနှင့် မေးခွန်းထုတ်မှုများကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံအနေဖြင့် ပိုမိုပွင့်လင်းမြင်သာရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရန်နှင့် ကျင့်ဝတ်လိုက်နာရန် ဒေသခံများက တောင်းဆိုနေသည်မှာ ကောင်းမွန်သော ကိစ္စဖြစ်သည်။

အချို့သော ရွာသားများက ပါဝင်ရန် စိတ်မပါကြသော်လည်း ထိုဆန္ဒပြ ဆန့်ကျင်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ တရုတ်နိုင်ငံအား ဝေဖန်ခြင်းကို မြင်လိုသော အလှူရှင်များ ကျေနပ်အောင် လုပ်ပေးခြင်းထက် ဒေသခံများကို ပညာပေးရေး မည်သည်တို့ကို ထပ်မံ လုပ်ဆောင်နိုင်မည်နည်း။

တရုတ်နိုင်ငံသည် အင်အားကြီးမားသော အိမ်နီးချင်းနိုင်ငံကြီးဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးသြဇာကို ပူပန်သည်မှာ မှန်ကန်ပေသည်။ သို့သော် မြန်မာနိုင်ငံသည် တရုတ်န်ိုင်ငံနှင့် ခပ်ခွာခွာနေနိုင်ခြင်းမရှိပေ။ မိမိတို့သည် မိမိတို့ ရောက်နေသည့် နေရာတွင်သာ ရှိနေသည်။ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အားလုံးအတွက် သတင်းစကားကို ရှင်းလင်းစွာ နားလည်သင့်ပေသည်။ ထိုသတင်းစကားမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရမည်ဟူသော သတင်းစကားပင်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Leave Myanmar in Peace   ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You May Also Like These Stories :

လူသတ်ဝါဒနှင့် စစ်ရာဇဝတ်မှုများ အလိုမရှိ

ကေအိုင်အိုကို အချိန်ပေးပါ

ရခိုင် ပြဿနာ နိုင်ငံရေးနည်းဖြင့် အမြန်ဆုံး အဖြေရှာကြပါ

The post ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ appeared first on ဧရာဝတီ.

ဆီအုန်းစိုက်ခင်းများက မြန်မာ့သစ်တောများကို ခြိမ်းခြောက်နေသည်

$
0
0

ဆီအုန်းစိုက်ခင်းများနှင့် သစ်တောပြုန်းတီးခြင်း၊ သဘာဝတောရိုင်း တိရိစာ္ဆန်များဆုံးရှုံးရခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် တိုင်းရင်းသားများ၊ ဒေသခံပြည်သူများနှင့် အဆင်မပြေဖြစ်ရခြင်းများ အပါအဝင် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အများ၏ အာရုံစိုက်မှုအောက်သို့ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ရောက်ရှိခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံက သစ်တောမြေများကို ဆီအုန်း စိုက်ခင်းများအတွက် ချထားပေးခြင်းအားဖြင့် သူတို့၏ ဖွံ့ဖြိုးရေး ပုံစံအတိုင်း လိုက်လာခြင်းနှင့် အတူ အခြားသော အရှေ့တောင်အာရှနိုင်ငံများကလည်း ဆီအုန်းနိုင်ငံကြီး ၂ ခုနှင့် အတူ အလျှင်အမြန် ပူးပေါင်းလာကြသည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် ဆီအုန်း စိုက်ပျိုးရေးအတွက် လုပ်ပိုင်ခွင့် ချထားပေးခဲ့သော မြေ၏ ၆၀ ရာခိုင်နှုန်းနီးပါးတွင် သစ်တောများ သို့မဟုတ် ရာဘာမဟုတ်သည့် သီးနှံစိုက်ခင်းများ ပါဝင်နေ ကြောင်း Scientific Reports တွင် မကြာသေးမီက ထုတ်ပြန်ခဲ့သော လေ့လာမှုတခုက တွေ့ ရှိခဲ့သည်။

“လုပ်ကိုင်ခွင့်ချထားပေးခဲ့တဲ့ ဧရိယာတွေထဲက အများစုက အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုထားတဲ့နေရာတွေ ဖြစ်ပါတယ်” ဟု လေ့လာမှုကို ဦးဆောင်ရေးသားခဲ့သူ ဖြစ်သည့် Keiko Nomura ကပြောသည်။ သူက Edinburgh တက္ကသိုလ်မှ ပါရဂူတန်း ကျောင်းသူတယောက်လည်း ဖြစ်သည်။ “သဘာဝပတ်ဝန်းကျင် သို့မဟုတ် လူမှုရေး သက်ရောက်မှုတွေ ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လုပ်ကိုင်ခွင့်တွေ ချထားပေးခဲ့ပါတယ်”

လေ့လာမှုက မြန်မာနိုင်ငံ တောင်ပိုင်း ပြည်နယ်များကို အဓိက ဦးတည်ခဲ့သည်။ လက်ရှိတွင် စိုက်ခင်းအများစုက မြန်မာနိုင်ငံ တောင်ပိုင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် စစ်အစိုးရက ၂၀၃၀ မတိုင်မီ ဟက်တာ ၂၈၀၀၀၀ (၆၉၂၀၀၀ ဧက) စိုက်ပျိုးရန် ဦးတည်ချက် ချမှတ်ခဲ့သည်။ စုစုပေါင်း ပမာဏ၏ ၄ ပုံ ၁ ပုံ နီးပါး သို့မဟုတ် ဟက်တာ ၆၃၀၀၀ ခန့် (၁၅၆၀၀၀ ဧက) က ကာကွယ် ထိန်းသိမ်းရမည့် သစ်တောများနှင့် ထပ်နေခဲ့သည်။ ထိုအချိန်မှ စ၍ အစိုးရက (အမေရိကန်နိုင်ငံတွင် အသေးဆုံး ပြည်နယ်ဖြစ်သည့်) Rhode Island ထက် ပိုကျယ်သော ဧရိယာဖြစ်သော မြေ ၄၀၁၈၁၄ ဟက်တာ (ဧက ၁ သန်းနီးပါး) ကို ကုမ္ပဏီ ၄၄ ခုသို့ ချထားပေးခဲ့သည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ၂၀၅၀ ခုနှစ် ရောက်သည့် အချိန်တွင် မြန်မာနိုင်ငံက ယခုအချိန်၌ ကမာ္ဘ အကြီးဆုံး ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော အင်ဒိုနီးရှားထက် ပို၍ ဆီအုန်းစိုက်ပျိုးရေးအတွက် သင့်တော်လာမည်ဟု မျှော်လင့်ရသည်။

အရွယ်ရောက်ပြီး ဆီအုန်းပင်များရှိသည့် စိုက်ခင်းများက တနင်္သာရီတိုင်းတွင် ဟက်တာ ၇၅၀၀၀ ခန့် (၁၈၅၀၀၀ ဧက) ရှိ ကြောင်း သုတေသီများ တွေ့ရှိခဲ့ရသည်။ ရုပ်ပုံများကို လေ့လာဆန်းစစ်မှုအရ လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် မြေများအတွင်း ရာဘာစိုက်ခင်းများ ရှိနေသလို (လေ့လာမှုတွင် သစ်တောများနှင့် ကွမ်းသီးပင်နှင့် သီဟိုဠ်ပင်ကဲ့သို့ အခြားသီးနှံပင်များ ပါ ပါဝင်သည့်) အခြားအပင်များ၊ ချုံတောများ၊ မြေလွတ်များနှင့် မြစ်ချောင်း အင်းအိုင်များ အဖြစ် သတ်မှတ်ထားသည့် မြေများလည်း ပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ခရိုင်အားလုံးတွင် ဆီအုန်းပင်များက လုပ်ကိုင်ခွင့်ပေးထားသည့် ဧရိယာ၏ ၁၅ ရာခိုင်နှုန်းတွင်သာ ဖုံးလွှမ်းထားပြီး ခွင့်ပြုထားသည့် မြေနေရာ၏ ၆၀ ရာခိုင်နှုန်းကို အခြားအပင်များက ရယူထားသည်။

“(လုပ်ကိုင်ခွင့် ရထားတဲ့) ကုမ္ပဏီတွေက ကျန်နေတဲ့ သစ်တောတွေကို တရားဝင် ရှင်းလင်းနိုင်တယ်။ အကောင်းပကတိအတိုင်း ကျန်နေနိုင်ခြေရှိတဲ့ သစ်တောတွေထဲက တချို့နေရာတွေနဲ့ ဇီဝမျိုးကွဲ တည်ရှိမှု မြင့်မားတဲ့ ဧရိယာတွေ၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးမှာ တန်ဖိုးရှိတဲ့ သစ်တောတွေ အပါအဝင်ဖြစ်ပါတယ်” ဟု Keiko Nomura ကပြော သည်။ “အထူးသဖြင့် တနင်္သာရီ အမျိုးသားဥယျာဉ်မှာ ဆီအုန်းနဲ့ ရာဘာ စိုက်ပျိုးထားတဲ့မြေ ဟက်တာ ၁၀၀၀ (၂၅၀၀ ဧက)လောက် ရှိနေပါတယ်။ ကျန်နေတဲ့ ဆီအုန်းစိုက်ပျိုးခွင့်ရထားတဲ့ ဧရိယာတွေရဲ့ သင့်တော်မှု အတိုင်းအတာကို တွက်ဆ ကြည့်ဖို့ အရေးကြီးပါတယ်။”

ကာကွယ်ထိန်းသိမ်းရေး ဧရိယာတခု အဖြစ် ယခုအချိန်အထိ အပြည့်အဝ မသတ်မှတ်ရသေးသော တနင်္သာရီတိုင်းသည် ကာဗွန်စုပ်ယူ ထိန်းသိမ်းပေးနိုင်မှု ကြွယ်ဝသောနေရာဖြစ်သည်။ အဆိုပြုထားသည့် ဥယျာဉ်အတွင်းမှ လုပ်ပိုင်ခွင့်ရထား သော နေရာများကို ခုတ်ထွင်ရှင်းလင်းခြင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် သန်း ၁၅၀ နီးပါး သို့မဟုတ် ဂရမ် ထရီလီယံပေါင်းများစွာကို ပြန့်နှံ့ခွင့်ပေးလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။

အမှန်တကယ် စိုက်ပျိုးထားသည့် အတိုင်းအတာနှင့် မစိုက်ပျိုးရသေးသော ဧရိယာများကို အတိအကျ တွက်ချက် စစ်ဆေးရေးအတွက် ပုံရိပ်များရယူရန် သုတေသီများက Google Earth ကို အသုံးပြု၍ လပေါင်းများစွာ စုဆောင်းခဲ့ကြသည်။ ထို့နောက် ဆီအုန်း စိုက်ပျိုးသည့် ဧရိယာနှင့် အခြားမြေများကို တွက်ချက်ရန် Sentinel-1 နှင့် Sentinel-2 ဂြိုဟ်တုများမှ ရရှိသည့် ၂၀၁၈ နှင့် ၂၀၁၉ အတွက် အချက်အလက်များမှတဆင့် ထောင်နှင့်ချီသော ကိုးကားချက်များကို အသုံးပြုခဲ့ကြ သည်။ နောက်ပိုင်းတွင် သူတို့က ရှင်းလင်းစွာ ပေါင်းစပ်ထားသည့် ပုံများကို ဖန်တီးရာတွင် တိကျသေချာမှုကို မြင့်မားစေရန် ဆော့ဖ်ဝဲ နှင့် algorithm များ အသုံးပြု၍ ပုံရိပ်များကို သန့်စင်ခဲ့ကြသည်။

အဆိုပါ အချက်အလက်များနှင့်အတူ လုပ်ကိုင်ခွင့်ချထားပေးသည့် နေရာများနှင့် တနင်္သာရီတိုင်းအတွင်းမှ နယ်နိမိတ်များကို သုတေသီများက စုံစမ်းစစ်ဆေးကြည့်သည့် အချိန်တွင် အမှန်တကယ် ဆီအုန်းစိုက်ပျိုးသည့် စိုက်ခင်းများနှင့် ကုမ္ပဏီများက အစိုးရထံ သတင်းပို့ခဲ့သည့် အချက်များကြားမှ ကွာခြားမှုများကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးခွင့်ရ ဒေသများအတွင်းမှ စိုက်ပျိုးခြင်း မရှိသည့် ဧရိယာများက အမြဲတမ်း ရှင်းရှင်းလင်းလင်း ရှိမနေခဲ့ပါ။

စိုက်ပျိုးရေးအတွက် သစ်တောကို ခုတ်ထွင်ရှင်းလင်းထားပုံ/Forest Trend

လုပ်ကိုင်ခွင့်များနှင့် စိုက်ပျိုးထားခြင်း မရှိသည့် ဧရိယာများ

လယ်သမားများက ဆီအုန်းကို မြန်မာနိုင်ငံတွင် ၁၉၂၀ နှစ်များအတွင်း စတင် မိတ်ဆက်ခဲ့သည်။ သို့သော်လည်း စိုက်ပျိုးခြင်းက ဆယ်စုနှစ်များစွာအတွင်း မြင့်တက်လာခဲ့ခြင်း မရှိပါ။ တနင်္သာရီတိုင်း၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် စတင်၍ ဖွံ့ဖြိုးလာသည်မှာ ၁၉၇၀ နှစ်များသို့ ရောက်မှ ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် ဆီအုန်းလုပ်ငန်းက အစိုးရ၏ အဓိက အာရုံ စိုက်မှုတခု ဖြစ်လာခဲ့သည်။ ထိုစဉ်က စစ်အစိုးရက ကုမ္ပဏီများကို လက်ရွေးစင် ရွေးချယ်၍ စိုက်ပျိုးရန် တာဝန်ပေးခဲ့သည်။ သူတို့၏ စိတ်ကူးမှာ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် ဖြစ်သလို နိုင်ငံခြားကို တင်ပို့ရန်လည်း မျှော်လင့်ထားသည်။

ထိုအချိန်မှစ၍ စိုက်ပျိုးရန် အထူးသင့်တော်သည်ဟု ယူဆရသည့်နေရာ ဖြစ်သော မြန်မာနိုင်ငံတောင်ဖက် အစွန်ဆုံးဒေသ ဖြစ်သည့် တနင်္သာရီတိုင်းအတွင်းမှ ခရိုင်အများအပြားတွင် အကြီးစားစိုက်ခင်း စီမံကိန်းများကို မြင်တွေ့လာခဲ့ရသည်။

သို့သော်လည်း ယခုအချိန်တွင် အဆိုပါ လုပ်ပိုင်ခွင့်ရနေရာများပေါ်တွင် စိုက်ခင်းများ အကောင်အထည်ဖော်ရေးက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ၏ အကန့်အသတ်နှင့် ကြုံတွေ့နေရသည်။ မြေပိုင်ဆိုင်မှုတွင် အငြင်းပွားရခြင်းများရှိနေသလို လက်နက်ကိုင်အဖွဲ့များကြားမှ တိုက်ပွဲများအပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စများ၏ ရလဒ်တခုအနေဖြင့် အချို့နေရာများသို့ မသွားရောက်နိုင်ခြင်းများက ဆက်လက်၍ ရှိနေသည်။

ထို့ပြင် လုပ်ပိုင်ခွင့်ရသည့် အချို့ နေရာများက ဆီအုန်းစိုက်ပျိုးရေးအတွက် မသင့်တော်သည့် နေရာများလည်း ဖြစ်နေနိုင်သည်။ ပါဝင်လုပ်ကိုင်နေသည့် အချို့ ကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးရေးအတွက် လိုအပ်သည့် အသိပညာနှင့် အရင်းအမြစ်များ ရှိချင်မှ ရှိကြမည်ဟု လေ့လာမှုက ဆိုသည်။

ဆီအုန်းပင် အားလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးက လုပ်ကိုင်ခွင့်ရသည့် ဧရိယာများ၏ အပြင်ဘက်တွင် ရှိ နေသည်ကိုလည်း လေ့လာမှုက တွေ့ရှိခဲ့ရသည်။ နယ်နိမိတ်သတ်မှတ်ခြင်းများ မရေရာမှု သို့မဟုတ် ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်ဖွယ်ရှိပါသည်။ ၎င်းထဲတွင် တနင်္သာရီ အမျိုးသား ဥယျာဉ်အတွင်းဘက်မှ ဟက်တာ ၁၀၀၀ သို့မဟုတ် လုပ်ကိုင်ခွင့်ရ ဧရိယာများနှင့် ထပ်နေသည့် အမျိုးသားဥယျာဉ် ၂ ခုပေါင်း ဧရိယာ၏ ၄ ရာခိုင်နှုန်းခန့် ပါဝင်နေပါသည်။

သို့သော် အချိန်ကြာမြင့်လာသည်နှင့် အမျှ ဆီအုန်းစိုက်ပျိုးသည့် မြေဧရိယာက အတော်အသင့် တိုးတက်လာခဲ့ပြီး အင်ဒို နီးရှား၊ မလေးရှားတို့နှင့် တူညီမှုက ပိုမိုထင်ရှားလာသည်။ အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ပျိုးခွင့်ရသည့်မြေများက ကြီးမား သော သစ်တောမြေများနှင့် ထပ်နေခဲ့ကြောင်း Keiko Nomura နှင့် သူ့အဖွဲ့၏ သုတေသနက အခိုင်အမာပြောသည်။ အရှေ့တောင်အာရှမှ ဆီအုန်းစိုက်ခင်းများ၏ တဝက်နီးပါးက လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက်အထိ သစ်တောများဖြစ်ခဲ့သည့် နေရာများဖြစ်ခဲ့ကြောင်းလည်း သူတို့က ဖော်ထုတ်ခဲ့သည်။

ဈေးနှုန်းသက်သာခြင်းနှင့် ဇီဝလောင်စာအဖြစ် အသုံးပြုမှု ပိုများလာခြင်းတို့ကြောင့် ကမာ္ဘတလွှားတွင် ဆီအုန်းကို လူကြိုက်ပိုများလာသည်နှင့် အမျှ ရာသီဥတု၊ သစ်တောများနှင့် ဒေသခံအသိုင်းအဝိုင်းများအပေါ် ၎င်း၏ သက်ရောက်မှုက အရှိန် ပိုမြင့်တက်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်။ လက်ရှိအချိန်တွင် ပကတိအတိုင်း ရှိနေသေးသည့် မြန်မာနိုင်ငံ၏ သစ်တောများက ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အင်ဒိုနီးရှားနှင့် မလေးရှားတွင် တွေ့ခဲ့ရသည့် ဒုက္ခများနှင့် အလားတူ ရင်ဆိုင်နေရသည်ဟု သူတို့က သတိပေးခဲ့သည်။

ကော့သောင်းအထွက်တွင် တွေ့ရသည့် ဆီအုန်းစိုက်ခင်းကြီး/PRI Myanmar

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို အသိအမှတ်ပြုသည့် မူဝါဒများ နှင့်အတူ အကယ်၍ ဆီအုန်း ဝယ်လိုအားက အေးသွားခဲ့လျှင်ပင် တနင်္သာရီတိုင်းတွင် သစ်တောမြေများ၌ လုပ်ကိုင်ခွင့်များ ချထားပေးခြင်းကို သေချာပေါက် သက်သာစေ လိမ့်မည် မဟုတ်ဟု သုတေသီများက ပြောသည်။ ဒေသတွင်းတွင် ရာဘာက အဓိက သီးနှံအဖြစ် ဆက်လက်ရှိနေပြီး ဆီအုန်းလုပ်ကိုင်ခွင့်ရနေရာများမှ အများအပြားကို ရယူနေကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

ရာဘာက ဒေသတွင် ဦးစားပေးသီးနှံအဖြစ် ဆက်၍ ရှိနေခြင်းမှာ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်းတွင် ရာဘာဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် များစွာ ဖြစ်နိုင်ဖွယ် ရှိပါသည်။ အကယ်၍ ဆီအုန်းအတွက် ဝယ်လိုအားက ကျဆင်းသွားခဲ့လျှင်ပင် လုပ်ပိုင်ခွင့်ရမြေများတွင် ကုမ္ပဏီများက ရာဘာ စိုက်ပျိုးကောင်း စိုက်ပျိုးနိုင်ခြင်းကလည်း ကြီးမားသော သစ်တောပြုန်းတီးမှုသို့ ဦးတည်သော နောက်ထပ် လမ်းကြောင်းတခု ဖြစ်နေသည်။

၂၀၀၁ နှင့် ၂၀၁၀ အတွင်းမှာပင်လျှင် တနင်္သာရီတိုင်း၌ သစ်တော ၁၆၄၂၀၀ ဟက်တာ(၄၀၅၇၅၀ ဧက) ပျက်စီးခဲ့ရသည်။

ထိန်းသိမ်းစောင့်ရှောက်ရေး အခွင့်အလမ်းများ

မြန်မာနိုင်ငံ၏ သစ်တောများကို ခြိမ်းခြောက်နေသည့် လုပ်ကိုင်ခွင့်များ ပြန်လည်ရုပ်သိမ်းခြင်းတွင် ကြီးမားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ တန်ဖိုးများ ရှိနေသည်ဟု သုတေသီများက ဆိုကြသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုးက အနာဂတ် ကာဗွန်ထုတ်လွှတ်မှုကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်သလို တချိန်က အရှေ့တောင်အာရှ တလွှားတွင် ကျယ်ကျယ်ပြန့်ပြန့် ကျက်စားခဲ့သော်လည်း ယခုအချိန်တွင် ထိုင်းနှင့် မြန်မာန်ိုင်ငံတွင်သာ ရှိတော့သည်ဟု ယုံကြည်ရသော အင်ဒိုချိုင်းနားကျားများ အပါအဝင် နိုင်ငံမှ မျိုးတုန်းလုနီးပါးဖြစ်နေသည့် မျိုးစိတ်များကိုလည်း ကာကွယ်မှု ပေးနိုင်ပါသည်။

သဘာဝတောရိုင်း တိရိစာ္ဆန်များအပြင် စိုက်ခင်းမဟုတ်သည့် ဧရိယာများက တခါတရံ ဒေသခံ အသိုင်းအဝိုင်းများ၏ အသက်မွေးမှုအတွက် အရေးပါသည်။ သစ်တောများကို မည်သို့ အသုံးပြုမည်ဆိုခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ မချမှတ်မီတွင် အဆိုပါ အသိုင်းအဝိုင်းများ ပူးပေါင်းပါဝင်ရမည်ဟု Forest Trends မှ မူဝါဒရေးရာ အကြီးတန်းလေ့လာဆန်းစစ်သူ တဦးဖြစ်သည့် Kevin Woods က ပြောသည်။ သူက Manoa ရှိ Hawaii တက္ကသိုလ်မှ ပထဝီနှင့် သဘာဝပတ်ဝန်းကျင် ဌာန ပါမောက္ခလည်း ဖြစ်သည်။

လုပ်ကိုင်ခွင့် ချထားပေးသည့် ဧရိယာများအတွင်းတွင် အခြားအပင်များ ၆၀ ရာခိုင်နှုန်းပါဝင်နေခြင်းက “(အခြား) အပင်များ ဖုံးလွှမ်းမှု ရာခိုင်နှုန်း သိသိသာသာ ရှိနေခြင်းသည် အမှန်တကယ်တွင် ဒေသခံပြည်သူများ စီမံခန့်ခွဲသည့် စိုက်ခင်းများ ဖြစ်နိုင်သလို ရွှေ့ပြောင်းစိုက်ပျိုးသည့် အလေ့အထများ ရှိနေသည်” ဆိုသည့် အဓိပ္ပါယ်ဟု လေ့လာမှုတွင် ပါဝင်ခဲ့သော Kevin Woods က ပြောသည်။ “ဒီ ဆီအုန်း လုပ်ကိုင်ခွင့်တွေကို ပစ်မှတ်ထားတဲ့ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်မျိုး မဆို ဒေသခံတွေရဲ့ မြေယာအခွင့်အရေးနဲ့ အသုံးပြုမှုတွေနဲ့ ဆီလျှော်သင့်မြတ်အောင် မပြုလုပ်ရင် န်ိုင်ငံတကာရဲ့ အကောင်းဆုံး အလေ့အထတွေနဲ့ မူဝါဒတွေကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေပါတယ်။ နောက်ဆုံးမှ ရလဒ်က ဆုံးရှုံးမှု ဖြစ်ပါတယ်။”

“နောက်ဆုံးတော့ အဲဒါက တိုင်းပြည်နဲ့ပဲ ဆိုင်ပါတယ်” ဟု Keiko Nomura ကပြောသည်။ “ ဒါပေမယ့် အခုအချိန်က ဒီလို လုပ်ကိုင်ခွင့်မျိုးတွေကို ပြန်လည်စဉ်း စားဖို့ အကောင်းဆုံးအချိန် အကောင်းဆုံးအခွင့်အရေး ဖြစ်ပါတယ်။ အထူးသဖြင့် (လုပ်ပိုင်ခွင့်များချထားပေးခဲ့ပြီး နောက်ပိုင်းတွင်) အစိုးရပြောင်းသွားတဲ့ အချိန်မှာပေါ့” ဟု မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ် တွင် ဒီမိုကရေစီ အစိုးရတခုအဖြစ်သို့ အသွင် ကူးပြောင်းခဲ့သည်ကို ရည်ညွှန်း၍ သူက ထပ်ပြောသည်။

“လက်ရှိနဲ့ အနာဂတ် စီးပွားရေးနဲ့ ဈေးကွက် အခြေအနေတွေအရ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗျူဟာသစ်တခုကို စဉ်းစားတာက သဘာဝကျပါလိမ့်မယ်”

(သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဝက်ဆိုက် Mongabay မှ Nanditha Chandraprakash ရေးသားသော Myanmar risks losing forests to oil palm, but there’s time to pivot ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You May Also Like These Stories:

၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို 

တီကျစ် ကျောက်မီးသွေး စက်ရုံ EIA အစီရင်ခံစာ ဘက်လိုက်မှုများ ရှိနေဟု ဆို 

ရန်ကုန်မြို့၏ နုံးမြေ အခြေအနေကြောင့် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ခံစားခဲ့ရ ဟုဆို 

The post ဆီအုန်းစိုက်ခင်းများက မြန်မာ့သစ်တောများကို ခြိမ်းခြောက်နေသည် appeared first on ဧရာဝတီ.

ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများကို နေရပ်ပြန်မဲပေးရန် တိုင်းရင်းသားပါတီများ လိုလားနေ

$
0
0

ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ရရန် လိုအပ်သော နေထိုင်ကာလကို ရက် ၉၀ အထိ လျှော့ချမည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ အဆိုပြုချက်ကို တိုင်းရင်းသားပါတီများက ကန့်ကွက်လိုက်သည်။ လက်ရှိဥပဒေအရ အနည်းဆုံးလိုအပ်သော ကာလမှာ ရက်ပေါင်း ၁၈၀ ဖြစ်သည်။

တိုင်းရင်းသားပြည်နယ်များမှ ရွှေ့ပြောင်းလုပ်သားများသည် နေရပ်ပြန်မဲပေးရန် မလိုဘဲ၊ အခြားနေရာတခုတွင် ရက်ပေါင်း ၉၀ နေထိုင်ပြီးပါက ထိုနေရာတွင် မဲပေးခွင့်ရမည့် နည်းဥပဒေပြင်ဆင်ချက်မူကြမ်းကို UEC က လွှတ်တော်တွင် အောက်တိုဘာလ ၃ ရက်နေ့က တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံတွင် လူအများအပြား၊ အထူးသဖြင့် လူများစု ဗမာတိုင်းရင်းသားများသည် ၎င်းတို့၏ ဇာတိမြို့များတွင် မနေထိုင်ဘဲ၊ တိုင်းရင်းသားလူနည်းစု၏ အခြားနေရာများတွင် အလုပ်ရှာရန် သွားရောက်ကြရသည်။ UEC က ရွှေ့ပြောင်းလုပ်သားများကို နေထိုင်ရာ နေရာသစ်တွင် မဲပေးခွင့်ပေးလိုက်ပါက ၎င်းတို့ဒေသတွင် တိုင်းရင်းသားပါတီများ မဲရှုံးမည်ကို စိုးရိမ်နေသည်။

ထိုအစီအစဉ်ကို လုံးဝသဘောမတူကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုဥက္ကဋ္ဌ ဂမ်ရန် အောင်ခမ်းက ဧရာဝတီသတင်းဌာနသို့ တနင်္လာနေ့တွင် ပြောသည်။

“အလုပ်သမားအခွင့်အရေးကို ကျနော်တို့လေးစားတယ်။ ဒါပေမယ့် သူတို့မဲပေးဖို့ သူတို့မြို့ကို သူတို့ပြန်သင့်တယ်” ဟု သူက ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကို ၎င်းတို့အလုပ်လုပ်သည့် တိုင်းရင်းသားဒေသများတွင် မဲပေးခွင့်ပြုခြင်းသည် ဆိုးကျိုးများစွာရှိကြောင်း သူက ရှင်းပြသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့မဟုတ် အဓိက အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) တို့သည် ရွှေ့ပြောင်းလုပ်သားမဲများကြောင့် ရွေးကောက်ပွဲအနိုင်ရပါက ဒေသခံ ကချင်ပြည်သူများ စိတ်ချမ်းသာမည် မဟုတ်ကြောင်း သူက ပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ တခုတွင် ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ကိုးကားပြီး ထိုသို့သော အခြေအနေသည် ဒေသခံများကို စိတ်ပျက်စေမည်ဟုလည်း ဆိုသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုမြို့နယ်နှစ်ခုရှိ ကျောက်စိမ်းနှင့် ပယင်းတွင်းများတွင် လုပ်ကိုင်နေကြသည်။ ၎င်းတို့သည် NLD သို့မဟုတ် USDP ကို မဲပေးကြပြီး ဒေသခံ တိုင်းရင်းသားပါတီများ ထိုနေရာများတွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ကြသည်။

မြန်မာအရာရှိများသည် တနိုင်းနှင့် ဖားကန့်မှ ထိုရွှေ့ပြောင်းလုပ်သားများကို အိမ်ထောင်စု စာရင်းများ ထုတ်ပေးခဲ့ပြီး ထိုလုပ်ရပ်ကို KSPP က ကန့်ကွက်သည်။

“ဗမာ နိုင်ငံရေးပါတီတွေအတွက် ကြိုတင်မဲတွေ မရှိရင် သူတို့ရဲ့ တိုင်းရင်းသားပါတီတွေပဲ သူတို့ဒေသမှာနိုင်မယ်လို့ ဒေသခံတွေက နားလည်ထားခဲ့ကြတာ။ ဒါကြောင့် သူတိုတွေ မကျေနပ်လို့ ပြဿနာရှာတာ။ ရွှေ့ပြောင်းလုပ်သားတွေ ကျနော်တို့ဒေသမှာ မဲပေးရင် ဒေသခံတွေ ကျေနပ်မှာ မဟုတ်ဘူး။ ပြဿနာတွေ ထပ်ဖြစ်လိမ့်မယ်” ဟု ဂမ်ရန် အောင်ခမ်းကပြောသည်။

UEC ၏ လုပ်ရပ်သည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှုဖြစ်စေရန် ရည်ရွယ်သည်မှာ ထင်ရှားကြောင်း သူက ပြောသည်။

UEC ၏ လုပ်ရပ်သည် ဒေသခံပြည်သူများ၏ ၎င်းတို့ ကိုယ်စားလှယ်ကို ၎င်းတို့ရွေးချယ်ခွင့်ကို ထိခိုက်စေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ခေါင်းဆောင်တဦးဖြစ်သော စိုင်းကျော်ညွှန့်ကလည်း ပြောသည်။ UEC ၏ လုပ်ရပ်သည် ဒေသခံ တိုင်းရင်းသားပါတီများ၏ လုပ်ပိုင်ခွင့်ကို ထိခိုက်စေကြောင်း သူက ပြောပြီး ထိုအဆိုပြုချက်သည် အဓိက ဗမာပါတီများ၏ အကျိုးကို ဆောင်နေကြောင်း ထောက်ပြသည်။

UEC အနေဖြင့် ရွှေ့ပြောင်းလုပ်သားများကို ကြိုတင်မဲပေးခွင့်ပေးရန် သူက တိုက်တွန်းသည်။ UEC အနေဖြင့် ပြည်ပမှ ရွှေ့ပြောင်းလုပ်သားများကို ကြိုတင်မဲပေးစေရန် စီစဉ်နိုင်လျှင် ပြည်တွင်းရွှေ့ပြောင်း လုပ်သားများအတွက် အလားတူ မည်သည့်အကြောင်းကြောင့် မလုပ်နိုင်သည်ကိုလည်း သူက မေးခွန်းထုတ်သည်။

“UEC ရဲ့ လုပ်ရပ်ဟာ စဉ်းစားဆင်ခြင်မှု မရှိတာကို ပြသနေတယ်လို့တောင် ပြောလို့ရတယ်” ဟု စိုင်းကျော်ညွန့်က ပြောသည်။

ထိုကဲ့သို့သော လုပ်ရပ်များကို အခြားနိုင်ငံများတွင်လည်း တွေ့ရကြောင်း သူက ဆက်ပြောသည်။ သို့သော် မိမိတို့နိုင်ငံသည် ဖက်ဒရယ်စနစ်သို့ ကူးပြောင်းမည်ဆိုပြီး တိုင်းရင်းသားများအတွက် တန်းတူအခွင့်အရေး ပေးမည်ဟု ဆိုထားကြောင်း ပြောသည်။

“သူတို့တွေက အာဏာကိုပဲ စိတ်ဝင်စားနေရင် ကျနော်တို့ နိုင်ငံကို မတည်ဆောက်နိုင်ဘူး။ UEC က ကြားနေရမယ်။ ဒါမျိုးမလုပ်သင့်ဘူး” ဟု သူက ပြောသည်။ “UEC က အာဏာရှိသူရဲ့ အသံကိုပဲနားထောင်ရင် ဘက်လိုက်တယ်လို့ ကျနော်တို့ပြောလို့ရတယ်” ဟုလည်း ပြောသည်။

ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့ပြည်နယ်တွင် မဲပေးခွင့်ပြုခဲ့ခြင်းအပေါ် ၂၀၁၅ ခုနှစ်က အစည်းအဝေးတခုတွင် UEC အား ကန့်ကွက်ခဲ့ကြောင်း မွန်တိုင်းရင်းသား ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လရီတမ က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ သို့သော် UEC က နားမထောင်ခဲ့ကြောင်း သူက ဆိုသည်။

“မြန်မာရွှေ့ပြောင်းလုပ်သားတွေက မွန်ပြည်နယ်မှာ ယာယီနေဖို့လာတာ။ သူတို့ကို သူတို့ ရောက်တဲ့နေရာမှာ မဲပေးခွင့်ပေးရင်တောင်မှ မဲပေးပြီးရင် သူတို့မြို့ကို သူတို့ပြန်ကြမှာ” ဟု သူက ပြောသည်။

UEC ၏ အဆိုပြုချက်သည် ဗမာပါတီများကို မဲအများစု ရစေပြီး ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေကြောင်း သူက ပြောသည်။

“ရွှေ့ပြောင်းလုပ်သားမဲကြောင့် ရွေးကောက်ပွဲရလဒ်ပြောင်းလဲရင် ရွေးကောက်ပွဲနိုင်သူတွေက ပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတယ်လို့ မပြောနိုင်ဘူး။ အနိုင်ရတဲ့အမတ်လောင်းက သူ့မဲဆန္ဒနယ်က လူတွေအပေါ် သြဇာအခိုင်အမာလည်း ရှိမှာမဟုတ်ဘူး” ဟု နိုင်လရီတမ က ဆိုသည်။

“သူ သို့မဟုတ် သူမကို ဒေသခံပြည်တွေက ရွေးတယ်လို့တောင် ပြောဖို့ခက်တယ်” ဟုလည်း သူက ပြောသည်။

ဒေသခံပြည်သူများသည် ၎င်းတို့နှစ်သက်သောသူကို မဲပေးရန် စောင်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ထိုမျှော်လင့်ချက်ကို UEC ၏ အဆိုပြုချက်က ဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း သူက ဆိုသည်။

ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မဲပေးရန် ဇာတိမြို့ရွာများသို့ ပြန်သင့်ကြောင်းလည်း သူက ဆိုသည်။
NLD အာဏာရပြီးနောက် သုံးလကြာသောအခါ တိုင်းရင်းသားပြည်နယ်များရှိ ရွှေ့ပြောင်းလုပ်သားများကို အိမ်ထောင်စု စာရင်းများ ထုတ်ပေးခဲ့သည်။ ထိုသို့ထုတ်ပေးခြင်းကြောင့် ၎င်းတို့သည် မွန်ပြည်နယ်တွင် နေထိုင်သူများဖြစ်သွားကာ မဲပေးခွင့်ရခဲ့ကြောင်း နိုင်လွီတမက ပြောသည်။

“NLD အစိုးရရဲ့ ဒီလုပ်ရပ်ဟာ လူဦးရေ ရွှေ့ပြောင်းတဲ့ မူဝါဒနဲ့ တူနေသလားလို့တောင် မေးခွန်းထုတ်ရတော့မယ်။ ဒီအဆိုပြုချက်ကို ကျနော်တို့ သဘောမတူဘူး။ UEC ကို စာတစောင်ပို့ဖို့ ကျနော်တို့စီစဉ်နေတယ်” ဟု သူက ပြောသည်။

(Lawi Weng ၏ Ethnic Parties in Myanmar Worried Proposed Voter Registration Changes Will Hurt Their Election Chances  ကို ဘာသာပြန်ဆိုသည်။)

You May Also Like These Stories :

ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ

တိုင်းရင်းသားစာပေသင်ကြားရေး ဆရာခန့်အပ်မှု သတ်မှတ်ချက် ဖြေလျှော့မည်

ချင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံရခြင်း အပေါ် သူတို့ သဘောထားများ

The post ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများကို နေရပ်ပြန်မဲပေးရန် တိုင်းရင်းသားပါတီများ လိုလားနေ appeared first on ဧရာဝတီ.

ရန်ကုန်ရှိ တပ်သိမ်းမြေများ ပိုင်ရှင်ထံ ပြန်မရောက်သည့်ကိစ္စ ကြံ့ခိုင်ရေးအမတ် မေးခွန်းထုတ်

$
0
0

ရန်ကုန်တိုင်းအတွင်းရှိ တပ်သိမ်းမြေများကို ပြန်လည် စွန့်လွှတ် အပ်နှံခဲ့သော်လည်း မူလပိုင်ရှင်များထံသို့ ပြန်မရောက် သည့်အပေါ် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ မင်းကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးခွန်း ထုတ်လိုက်သည်။

တနိုင်ငံလုံး အတိုင်းအတာအရ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက သိမ်းယူခဲ့ပြီး ပြန်လည် စွန့်လွှတ်ပေးမည့် မြေဧကများ၊ မြေ သိမ်းယူစဉ်က ပိုင်ရှင်များထံသို့ လက်ရောက် ပေးအပ်ပြီးသည့် မြေဧကနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာနက စွန့် လွှတ်သည့်မြေ (သို့) လယ်သမားပိုင်မြေကို ပိုင်ရှင်က ၂၀ ရာခိုင်နှုန်း၊ တိုင်းအစိုးရက ၈၀ ရာခိုင်နှုန်း ရယူမည်ဆိုသည်ကို ပြည်ထောင်စု အစိုးရ အနေဖြင့် မည်သည့်အတွက်ကြောင့် မူအားဖြင့် သဘောတူခဲ့ပါသနည်းနှင့် စမ်းကြီးဝနှင့် မင်္ဂလာဒုံတို့ တွင် တပ်မတော်က စွန့်လွှတ်ထားသည့် မြေများကိုသိမ်းယူစဉ်က ပိုင်ရှင်များသို့ အမြန်ဆုံး ခွဲဝေပေးရန် အစီအစဉ် ရှိ မရှိ တို့ကို ဖြေကြားပေးရန် မေးမြန်းခဲ့ခြင်းဖြစ်သည်။

USDP မှ ဦးမောင်မြင့် က “တပ်မတော်က ပြန်အပ်တဲ့မြေ ၁ ဧကတောင် ပြန်မပေးနိုင်သေးပါဘူး။ စာရင်းဇယား ရှုပ်ထွေးမှု ကို အကြောင်းပြ၊ ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီး သမ္မတရုံးက မူအားဖြင့် ခွင့်ပြုထားတဲ့ မြေပိုင်ရှင်က ၂၀ ရာခိုင်နှုန်း တိုင်း အစိုးရ ၈၀ ရာခိုင်နှုန်း ခွဲဝေမယ့် အစီအစဉ်ကို သွပ်သွင်းပြီး လုပ်ပိုင်ခွင့်ကို အသုံးချ ပြည်သူကို အနိုင်ကျင့်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ရှေ့ဆက်တိုးပြီး လုပ်ဆောင်နေခြင်းကို မျက်စိမှိတ်ခွင့်ပြုသလို ဖြစ်နေသည့်အတွက် ယခုကဲ့သို့ မေးခွန်း မေးမြန်းရခြင်း ဖြစ်ကြောင်းလည်း သူက ဆိုသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဒု ဝန်ကြီး ဦးတင်မြင့်က ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် မူလ တောင်သူများထံ ပြန်လည် အပ်နှံသည့် မြေများမှာ ယခင် အစိုးရ လက်ထက်တွင် မူလပိုင်ရှင် တောင်သူ ၃၅၃ ဦးအား မြေဧရိယာ ၂၆၇၇ ဒသမ ၈၉၄ ဧကအား ပေးအပ်ခဲ့ကြောင်းနှင့် ယခု အစိုးရ လက်ထက်တွင် တောင်သူ ၉၄ ဦးအား မြေဧရိယာ ၄၆၈ ဒသမ ၇၃၃ ဧက ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း လွှတ်တော်သို့ ပြန်လည် ရှင်းပြခဲ့သည်။

ဆက်လက်၍ ဦးတင်မြင့်က “ရန်ကုန်တိုင်း ဒေသကြီးတွင် အိမ်ရာ စီမံကိန်းများ၊ မြို့သစ် စီမံကိန်းများ၊ စက်မှုဇုန် စီမံကိန်း များ၊ ငါး/ ပုစွန်မွေးမြူရေးဇုန်များ ဆောင်ရွက်လျက်ရှိရာ ယခင်က မြေသိမ်းဆည်းခဲ့ခြင်း မဟုတ်ဘဲ ယင်းမြေနေရာတွင် မြေ သိမ်းကိစ္စများ ယခုမှ စတင် ဆောင်ရွက်ရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်” ဟု ဖြေဆိုခဲ့သည်။

မင်းကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ကမူ ပြည်သူများ၏ ဝေဖန်သံများစွာ ကြားနေရသည့် အတွက် ထိုကဲ့သို့ မေးမြန်းရခြင်း ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဖွဲ့မှ ဦးဖြိုးမင်းသိန်း ပါဝင်သည့် အစည်း အဝေး၌ မြေပိုင်ဆိုင်မှုကိစ္စဖြစ်သည့် ၂၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း အကြောင်းကို ဆွေးနွေးခဲ့ကြောင်း မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ၈၀ ရာခိုင်နှုန်း ယူမယ်။ တောင်သူက ၂၀ ရာခိုင်နှုန်း ရမယ်။ အဲဒါ သဘောမတူရင် ဘယ်တော့မှ အဲဒီမြေနဲ့ ပတ်သက်လို့ စိုက်ပျိုးမြေဘဝက တက်မလာဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးအောင်လှိုင်ဝင်းက ဆက်လက်၍ “သိမ်းဆည်းမြေမှာ အရင်မူဝါဒ အတိုင်းပဲ မပြောင်းလဲဘူး။ သိမ်းထားရင် ပြန်ပေးရ မယ်။ အခုထက်ထိ ဘာကြောင့် ပြန်မပေးလဲဆိုတဲ့ အပေါ်မှာတော့ သမ္မတရုံးက ဖြေရှင်းသွားတာတော့ မတွေ့ရဘူး” ဟု ပြောသည်။

တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးရာတွင် တောင်သူများ ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော် စီမံကိန်းမြေ အဖြစ် ၈၀ ရာခိုင်နှုန်း သဘောတူသည့် လယ်ယာမြေများကိုသာ ညှိနှိုင်း ဆောင်ရွက်ပြီး၊ သဘောတူညီချက် မရရှိပါက ဆောင်ရွက်ခြင်း မရှိဘဲ ထားရှိကြောင်း ဒု ဝန်ကြီး ဦးတင်မြင့်က လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ထိုပြင် ကြံ့ခိုင်ရေး အမတ် မေးမြန်းမှုများကို ကိစ္စတခုချင်း မဖြေဆိုခဲ့ဘဲ သီးသန့်စာဖြင့် ပြန်လည် ဖြေဆိုသွားမည် ဖြစ် ကြောင်း ဒု ဝန်ကြီး ဦးတင်မြင့်က ပြောကြားသွားသည်။

ဆက်စပ်ဖတ်ရှုရန်

သိမ်းဆည်းမြေများ တောင်သူလက်ထဲ အမြန်ဆုံး ရရှိရန် ကြိုးပမ်းမည်ဟု အစိုးရအဖွဲ့ ဒု ဝန်ကြီးပြော

စွန့်လွှတ်မြေများ ခွဲဝေချထားပေးရေး ကြန့်ကြာ၍ ရေကြည် လယ်သမားများ ထပ်မံ ဆန္ဒပြ

နေပြည်တော်တွင် တပ်သိမ်းမြေ ၇၅ ဧက ပြန်လည်စွန့်လွှတ် 

The post ရန်ကုန်ရှိ တပ်သိမ်းမြေများ ပိုင်ရှင်ထံ ပြန်မရောက်သည့်ကိစ္စ ကြံ့ခိုင်ရေးအမတ် မေးခွန်းထုတ် appeared first on ဧရာဝတီ.

အသက်ရှင်စဉ် ငြိမ်းချမ်းရေးရတာ မြင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

$
0
0

မိမိအသက်ရှင်နေစဉ် အချိန်ကာလအတွင်း မြန်မာပြည် ငြိမ်းချမ်းရေးရတာကို မြင်တွေ့လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့တွင် နိုဝင်ဘာလ ၁၉ ရက်က ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ ပြောဆို သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ရဲ့ခေတ်မှာ၊ ကျမတို့ မျက်စိမှိတ် မသွားခင်မှာ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ အမြစ် တွယ်တာကို ကျမတို့ မြင်ချင်ပါတယ်” ဟု ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ယမန်နေ့ နေ့လယ်ပိုင်းက တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံ လေးထပ်ဆောင်ကို ဖွင့်လှစ်ပေးခဲ့ပြီး တောင်ကြီးမြို့မြို့တော်ခန်းမတွင် ဒေသခံ ပြည်သူများ၊ မြို့မိမြို့ဖ များနှင့် လူထု တွေ့ဆုံခဲ့ပွဲ ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲမှာ တောင်ကြီးမြို့တွင် ပထမဆုံး အကြိမ် ပြုလုပ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လူထုတွေ့ဆုံပွဲလည်း ဖြစ်သည်။

ငြိမ်းချမ်းရေးရခြင်းကို မြင်တွေ့လိုသည့်အတွက် မိမိအနေဖြင့် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ပြီး အဆိုပါ ဝန်ထုပ်ဝန် ပိုးကြီးအား နောင်မျိုးဆက်များ အတွက် မချန်ခဲ့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျမတို့နိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ လွတ်လပ်ရေး ရခဲ့ချိန်ကနေစပြီး အခုထိ ကျမတို့ နိုင်ငံအတွင်းမှာ ပြည်တွင်း စစ်မီး ငြိမ်းတယ်ရယ်လို့ မရှိသေးပါဘူး။ ပြည်တွင်းစစ်မီး ငြိမ်းအောင် ကျမတို့ မျိုးဆက်မှာ လုပ်သွားချင်ပါတယ်။ နောင်မျိုးဆက်တွေအတွက် ဒီဝန်ထုပ်ဝန်ပိုးကြီး တခုကို မချန်ခဲ့ ချင်ပါဘူး” ဟု သူမက ပြောသည်။

မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ အဖြစ် တည်ထောင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များကို အောင်မြင်ပါ့မလားဟု မေးခွန်း ထုတ်နေသူများကို ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့ကို ဥပမာပေး တင်စား ပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အရင်တုန်းက ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ အခုလည်း အထစ်အငေါ့တွေ၊ အခက်အခဲတွေ များများနဲ့ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တဲ့သူတွေ ရှိပါတယ်။ အဲဒီလို မေးခွန်း ထုတ်သူတွေကို ပြောချင်တာက တောင်ကြီးလို နေရာမျိုးကို ကြည့်လိုက်ပါ။ တောင်ကြီးမြို့မှာ ကျမတို့ရဲ့ ပြည်သူများဟာ ပြည်ထောင်စု စိတ်ဓာတ် အပြည့်အဝနဲ့ အေးအေးချမ်းချမ်း ညီညီညွတ်ညွတ် နေကြတယ်။ ဒီလို နေနိုင်လို့ရှိရင် ကျမတို့ တတိုင်းပြည်လုံးက မနေနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် လူဦးရေ ၃ သိန်း ၈ သောင်းကျော် ရှိပြီး ရှမ်း၊ ပအို့ဝ်၊ ဗမာ၊ တရုတ်၊ အိန္ဒိယ၊ ဂေါ်ရခါးလူမျိုးများ အခြေချ နေထိုင်ကြကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူများ စုပေါင်း နေထိုင်ကြောင်း သိရသည်။

မြန်မာပြည်သူများသည်လည်း မိမိတို့ သက်တမ်းအတွင်း မိမိနိုင်ငံ ငြိမ်းချမ်းရမည်၊ တိုးတက် ဖွံ့ဖြိုး အောင်မြင်ရမည် ဟူသော စိတ်ထားများဖြင့် ဆက်လက် ဆောင်ရွက်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။

“ကျမတို့ ပြည်သူပြည်သားတွေ အနေနဲ့လည်း ငါတို့ သက်တမ်းမှာ ငါတို့ နိုင်ငံ ငြိမ်းချမ်းရမယ်၊ ငါတို့ရဲ့ကြိုးစားမှုတွေ ကြောင့် ငါတို့နိုင်ငံ ဖွံ့ဖြိုးရမယ်။ တိုးတက်ရမယ်။ အောင်မြင်ရမယ်။ ညီညွတ်ရမယ်။ ဒီလို စိတ်ထားတွေနဲ့ ဆက်လက် ဆောင်ရွက်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ ပြည်သူ ၉၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒေသတွင်း အခက် အခဲများကို တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ဝန်ကြီးများနှင့် ရှမ်း ပြည်နယ် အစိုးရအဖွဲ့တို့အား ဖြေရှင်း ဆောင်ရွက်မှုများ ပြုလုပ်စေခဲ့သည်။

You may also like these stories:

ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ

ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်ဦးရေ တိုးလာ

The post အသက်ရှင်စဉ် ငြိမ်းချမ်းရေးရတာ မြင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော appeared first on ဧရာဝတီ.

ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို

$
0
0

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သား နှစ်ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်ရန် အစီအစဉ် ရှိသည်ဟု အစိုးရ ရှေ့နေ ဖြစ်သည့် ဒက္ခိဏခရိုင် ဥပဒေ အရာရှိ ဦးကျော်မင်းအောင်က ပြောသည်။

ခရိုင် ဥပဒေ အရာရှိ ဦးကျော်မင်းအောင်က “ဒီအမှုအတွက် လိုအပ်တဲ့သူတွေကို စစ်မှာပါ။ ဒီအမှုဟာ ဘက်စုံ၊ ထောင့်စုံ ကလည်း စစ်ဖို့လိုတာ ဖြစ်တဲ့အတွက် ဒီကလေးတွေကို စစ်ဆေးသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ယနေ့ တရားခွင် စစ်ဆေး မှု ခေတ္တရပ်နားချိန်တွင် သတင်းထောက်အချို့၏ မေးမြန်းကို ပြန်လည် ဖြေကြားခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ ၎င်း၏ သား ၂ ဦးကို သက်သေ အဖြစ် မစစ်ဆေးရန် မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်က တရားရုံးသို့ အသနားခံစာ တင်ထားခဲ့ခြင်း ဖြစ်သည်။

ဗစ်တိုးရီးယား အမှုမှာ ယနေ့သည် ၁၁ ကြိမ်မြောက် ရုံးချိန်း ဖြစ်ပြီး တရားခွင်၌ နေပြည်တော် ခုတင် ၁ ထောင်ဆေးရုံမှ မှုခင်း ဆရာဝန်ကြီးနှင့် ဒေါ်ဥမ္မာလှိုင် တို့ကို တရားခွင် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကာ ညနေ ၃ နာရီခွဲကျော်သည်အထိ စစ်ဆေးမှုများ မပြီးသေးပါ။

ဆက်စပ်ဖတ်ရှုရန်

Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်

ဗစ်တိုးရီးယားအမှုတွင် သား၂ ဦးကို သက်သေအဖြစ် မစစ်ရန် ဒေါ်ဥမ္မာလှိုင် အသနားခံစာတင်

The post ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို appeared first on ဧရာဝတီ.

အခြေခံလူတန်းစားများအတွက် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဟုဆို

$
0
0

တရုတ်- မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းကို အကောင်အထည်ဖော်ခြင်းမှာ မြန်မာနိုင်ငံရှိ အခြေခံလူတန်းစား စားဝတ်နေ ရေး ပြေလည်စေရေးအတွက် ဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ရုံး (မန္တလေး) မှ ဒုတိယ ကောင်စစ်ဝန်ချုပ် Mrs. Li libei က ပြောသည်။

နိုဝင်ဘာ ၁၇ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Mrs. Li libei က “တရုတ်နိုင်ငံက တဦးတည်း တိုးတက် ကောင်းမွန်နေလို့ မရပါဘူး။ တကမ္ဘာလုံးက နိုင်ငံတွေ တိုးတက် မှသာ တရုတ်နိုင်ငံကလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လာမည့် ၂၀၂၀ တွင် တရုတ်အစိုးရသည် ၎င်းနိုင်ငံရှိ နိုင်ငံသား အခြေခံ လူတန်းစားတရပ်၏ စီးပွား ရေး ပြေလည်သည့် အခြေအနေအထိ ရောက်အောင် ဆောင်ရွက်မည်ဟု ရည်မှန်းချက် ချမှတ်ထားသလို ၎င်းတို့ နိုင်ငံကဲ့သို့ မြန်မာနိုင်ငံကို လည်း တိုးတက်မှု ဖြစ်စေလိုသည့် ဆန္ဒများစွာ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။

၁၉၇၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ နှစ် ၄၀ ကာလအတွင်း တရုတ်စီးပွားရေးသည် အရှိန်နှင့် တိုးတက်လာခဲ့ကြောင်း၊ အဆိုပါ တိုးတက်မှုအား အိမ်နီးချင်း ဖြစ်သော မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ် စီးပွားရေး၊ ကုန်သွယ်ရေးများ ယခုထက် ပိုမို ပူး ပေါင်းကာ နှစ်နိုင်ငံ အကျိုးရလဒ်များ ခံစားနိုင်အောင် ဆောင်ရွက်လိုကြောင်း Mrs. Li libei က ပြောသည်။

တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း (BRI) တွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိ ပြီး အဆိုပါ စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သော တရုတ်-မြန်မာစီးပွားရေး စင်္ကြန်အား အကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ် စက်တင်ဘာက နှစ်နိုင်ငံ အစိုးရချင်း နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး ဖြစ်သည်။

အဆိုပါ စင်္ကြန်တွင် နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေသော နယ်စပ်ဒေသတို့၌ စီးပွားရေးဇုန်များ တည်ဆောက်ခြင်း၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှ မြန်မာနိုင်ငံ မန္တလေးမြို့အထိ ဆက်စပ်မည့် လျှပ်စစ်ရထားစီမံကိန်း၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ ရန်ကုန်မြို့သစ် ဆိပ်ကမ်း စသည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းများ ပါဝင်မည်ဟု အကြမ်းဖျင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သလို သယံဇာတ ပေါကြွယ်ဝသဖြင့် နိုင်ငံတကာ လုပ်ငန်းရှင်များအတွက် ရင်းနှီး မြှုပ်နှံရန် ရေခံမြေခံကောင်းများ ရှိသော နိုင်ငံတခု ဖြစ်သလို အဆိုပါ အခွင့် အလမ်းကောင်းများအား အမိအရ ဖမ်းဆုပ်ကာ မိမိတို့နိုင်ငံ အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ လိုအပ်သည်ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းကလည်း အဆိုပါ တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲတွင် ပြောသည်။

တရုတ်နိုင်ငံ၏ ကမ္ဘာအနှံ့အပြား ကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းသည် “မလက္ကာ ရေလက်ကြား”မှ တဆင့်ဖြတ်ကျော် ပို့ဆောင် နေရာ ထိုသယ်ယူ ပို့ဆောင်ရေး စနစ်သည် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ခဲ့လျှင် မြန်မာအတွက် ကုန်ပစ္စည်း ဖြတ်သန်းခ၊ သို လှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ အခွန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စက်မှု လုပ်ငန်းအသစ်များ ဖွံ့ဖြိုးလာမည့် အလားအလာများ ရှိသည်ဟု အရှေ့တောင်အာရှ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီ၏ ဒု ဥက္ကဌ Mr. CHEN Xiangqiu က ပြောဆိုသည်။

တရုတ်နိုင်ငံ၏ One Belt One Road (OBOR) စီမံကိန်းတွင် ပါဝင်မည့် နိုင်ငံများ အနေဖြင့် အခြေခံ အဆောက်အအုံ ဖြစ် သော လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးလာမည် ဖြစ်သော်လည်း ကောင်းမွန်သော မူဝါဒများ၊ ပြင်ဆင်မှုများ မပြုလုပ်နိုင်ပါက ကြွေးမြီ ထောင်ချောက်မိနိုင်ခြင်း၊ ကိုလိုနီ လက်သစ်ဝါဒ သက်ရောက်ခံရနိုင်ခြင်း၊ လူမှုရေးနှင့် ဂေဟဗေဒ သက်ရောက်မှု များ ရှိလာနိုင်ခြင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သလို အစိုးရ၏ သတင်းအချက် အလက် ထုတ်ပြန်မှု အားနည်းခြင်းသည်လည်း ပြည်သူများအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များအပေါ် သက်ရောက်မှု ရှိလာမည်ဟု ပညာရှင်တချို့၏ ဝေဖန် သုံးသပ်မှုများလည်း ရှိနေသည်။

နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက“အခြေခံလူတန်းစားတွေ အတွက် အကျိုးရှိစေချင်ရင် တရုတ်နိုင်ငံကို မြန်မာကပို့တဲ့ လယ်ယာထွက်ကုန်သီးနှံတွေကို မပိတ်ဆို့ဖို့လိုပါတယ်။ အဲဒါမှ အခြေခံလူတန်းစား လယ်သမားတွေ အတွက် သင့်တင့်လျောက်ပတ်တဲ့ အကျိုးတခုဖြစ်ထွန်းမယ်။ အစိုးရအနေနဲ့ကလည်း ပြည်သူတွေ အကျိုး စီးပွားရှိဖို့ ကုန်သွယ်ရေး၊သယ်ယူပို့ဆောင်ရေးအစရှိတဲ့ကဏ္ဍတွေနဲ့ပတ်သတ်ပြီး ခိုင်မာတဲ့မူဝါဒတွေ တိတိကျကျချဖို့ လိုပါ မယ်” ဟု ဧရာဝတီကိုပြောသည်။

တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းကို တရုတ်-မြန်မာစီးပွားရေး စင်္ကြန် တည် ဆောက်မှုအား အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် အာဆီယံ သုတေသန စင်တာနှင့် မြန် မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၇ မှ ၁၉ ရက် အထိ ကျင်းပခဲ့ပြီး အဓိက အားဖြင့် တရုတ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအား နှစ်နိုင်ငံ ကုန်သွယ် ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး အမြင်ဖလှယ်ကြသည့် သင်တန်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဒေါ်အောင်ဆန်းစုကြည် တရုတ် ခရီးစဉ်တွင် မန္တလေး စီမံကိန်း ၂ ခု လက်မှတ် ထိုးရန် ရှိ 

အဖိုးတန်သယံဇာတ တွေ့ရင် ဒေသအာဏာပိုင်ကတဆင့် အပ်နှံဖို့ စာချုပ်မှာ ထည့်သင့်တယ် 

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ 

The post အခြေခံလူတန်းစားများအတွက် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဟုဆို appeared first on ဧရာဝတီ.


ခန္တီးရတနာမြေတွင် လက်လုပ်လက်စား လုပ်ကွက်များ တတိယအကြိမ် ချပေးမည်

$
0
0

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးရတနာ နယ်မြေအတွင်းရှိ နန့်စလင်း ချောင်းဖျားမှော်(ကျောက်စိမ်း)နှင့် ပတ်တာဘွန်မှော် (ပယင်း) တို့တွင် လက်လုပ်လက်စား လုပ်ကွက်များ တတိယအကြိမ် ချထားပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုဝင်ဘာ ၁၉ ရက်တွင် သတင်း ထုတ်ပြန်ထား သည်။

၁ နှစ် လုပ်ကိုင်ခွင့်ရှိမည့် လက်လုပ်လက်စား လုပ်ကွက် တကွက်လျှင် ၁ ဧက သတ်မှတ်ထားပြီး အခြေခံ ဈေးနှုန်းများ အနေဖြင့် နန့်စလင်း ချောင်းဖျားမှော်တွင် ကျပ် ၅ သိန်းနှင့် ပတ်တာဘွန်မှော်တွင် ကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး အဆို ပြု ဈေးပြိုင် တင်ဒါစနစ်ဖြင့် ရွေးချယ်မည် ဖြစ်သည်။

ခန္တီးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးက “အခုက တတိယအကြိမ် ခေါ်တာပေါ့။ လုပ်ကွက်အတွက် အဆိုပြု ဈေးနှုန်းခြင်း တူနေရင်တောင် ဒေသခံတွေကို ဦးစားပေးမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

နန့်စလင်း ချောင်းဖျားမှော်တွင် လုပ်ကွက် အနေဖြင့် ၃၀၃ ကွက် ရှိပြီး ပြီးခဲ့သည့် မေလက လျှောက်လွှာ ခေါ်ယူပြီး နောက် လုပ်ကွက် ၃၂ ကွက် ချထားပေးခဲ့သည့်အတွက် ယခုအကြိမ်တွင် ကျန်ရှိ ၂၇၁ ကွက် အတွင်းရှိ လုပ်ကွက်များအား လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပတ်တာဘွန်မှော်တွင် လုပ်ကွက် ၃၇၀ ရှိသည့်အနက် မေလအတွင်း လျှောက်လွှာ ခေါ်ယူပြီးနောက် ၅၄ ကွက် အား ချထားပေးခဲ့ပြီး ဖြစ်သည့်အတွက် ကျန်ရှိသည့် ၂၁၆ ကွက်အတွင်း လျှောက်ထားနိုင်မည် ဖြစ်ကြောင်းလည်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

လျှောက်ထားသူ ၁ ဦးအနေဖြင့် လုပ်ကွက် ၃ နေရာ အထိ လျှောက်ထားနိုင်သော်လည်း လုပ်ကွက်တခုသာ အတည်ပြု ချထားပေးမည် ဖြစ်ပြီး အကြီးစားနှင့် အလတ်စား အနေဖြင့် ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်နေသည့် ကုမ္ပဏီ များမှ ဒါရိုက်တာ အဖွဲ့ဝင်များ လျှောက်ထားခွင့် မရှိကြောင်း စည်းကမ်း သတ်မှတ်ထားသည်။

လျှောက်လွှာများအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက် အထိ ခန္တီးမြို့နယ် ပြည်သူ့ ဝန်ဆောင် မှုရုံး (OSS)တွင် တင်သွင်းနိုင်မည် ဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်တွင် တင်ဒါ ဖွင့်လှစ်မည် ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာ ထားသည်။

တူးဖော်ရာတွင်လည်း လူအားနှင့်သာ အသုံးပြု တူးဖော်သည့် စနစ်ဖြင့် ဆောင်ရွက်ရန် ကန့်သတ်ထားသော်လည်း ဒေသခံ များဘက်က တူးဖော်မှုတွင် စက်ယန္တရား အသုံးပြုခွင့်ပေးရန် တင်ပြ တောင်းဆိုမှုများ ရှိကြောင်းလည်း ခရိုင် အုပ်ချုပ်ရေး မှူး ရုံးက သိရသည်။

ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့် ခန္တီး ရတနာနယ်မြေအတွင်း နန့်စလင်း ချောင်းဖျားမှော်နှင့် ပတ်တာဘွန်မှော် ဧရိ ယာအား စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ စီမံ ဆောင်ရွက်ခွင့် ပေးထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းကလည်း နန့်စလင်း ချောင်းဖျား မှော်အတွင်း လက်လုပ်လက်စား လုပ်ကွက်များ ချထားပေးရန် လျှောက်လွှာ ခေါ်ယူခဲ့ပြီး လုပ်ကွက် ၆၇ ကွက်အား ချထားပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ခန္တီး ရတနာနယ်မြေ တပိုင်တနိုင် လုပ်ကွက် လျှောက်ထားသူ ၂၀၀ ခန့်ရှိ

The post ခန္တီးရတနာမြေတွင် လက်လုပ်လက်စား လုပ်ကွက်များ တတိယအကြိမ် ချပေးမည် appeared first on ဧရာဝတီ.

ယခုနှစ်အတွင်း နိုင်ငံခြားသားပိုင် စက်ရုံ ၉ရုံ တွင် လုပ်သားဆန္ဒပြမှုများ ဖြစ်ပွားခဲ့

$
0
0

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသော နိုင်ငံခြားသားပိုင် စက်ရုံများစွာ ရှိသည့်အနက် စက်ရုံ ၉ ရုံတွင် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) စာရင်းများ အရ သိရသည်။

ထိုသို့ ဆန္ဒပြရာတွင် အထည်ချုပ်လုပ်ငန်း ကဏ္ဍမှ အများဆုံး ဖြစ်ပြီး အချိန်ပိုခိုင်းစေခြင်း၊ နေ့စားမှ လခစားဝန်ထမ်း အဖြစ် ခန့်ခိုင်းခြင်း၊ လူမှုဖူလုံရေးကြေးသွင်းရန် ပျက်ကွက်ခြင်း စသည့် အကြောင်း အရာများကြောင့် တိုင်ကြားခြင်း၊ ဆန္ဒပြခြင်းများ ရှိနေကြောင်း၊ MIC သို့ ရောက်ရှိသည့် စာရင်းမှာ ၉ ရုံ ဖြစ်ပြီး စာရင်း မရောက်သေးသည့် စက်ရုံများလည်း ရှိနိုင်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာအောင်က ဧရာဝတီသို့ ပြောသည်။

“အချိန်ပိုခိုင်းလို့ ဖြစ်တာရယ်၊ ဒီစက်ရုံ ပိတ်သိမ်းလိုက်လို့ ဖြစ်တာရယ်။ ပိတ်သိမ်းတယ် ဆိုတာက စက်ရုံ နှစ်ရုံ ရှိတယ်။ ဒီဘက်က နေရာက အဆင်မပြေတဲ့အခါ ဟိုဘက်ကို ရွှေ့လိုက်ချင်တာ။ အဲဒီတော့ အလုပ်သမားက မလိုက်နိုင်ဘူး။ အဲဒီမှာ ပြဿနာ ဖြစ်တာ။ နောက်တခါ နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်း ခန့်ခိုင်းတာ ဖြစ်တယ်။ လူမှုရေးပြဿနာ တွေကြောင့် ဆန္ဒပြမှုအထိ ဖြစ်ပွားတာတွေရှိတယ်”ဟု ရှင်းပြသည်။

လက်ရှိတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြဿနာများဖြစ်၍ အလုပ်သမား ဝန်ကြီးဌာနမှ ဖြေရှင်းပေးရာတွင် ပြေလည်သွားသော နိုင်ငံခြားသားပိုင် စက်ရုံ ၆ ရုံ ရှိပြီး ယင်းတို့မှာ Young Clothing ကုမ္ပဏီ၊ Honor Apparel ကုမ္ပဏီ၊ Kamcaine Manufacturing Myanmar ကုမ္ပဏီ၊ Myanmar Sumec Win Win ကုမ္ပဏီ၊ Seinus Cliq Fashion ကုမ္ပဏီ နှင့် Bellmart (Myanmar) ကုမ္ပဏီတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ သိရပြီး ပြေလည် မှု မရသေးသော ကုမ္ပဏီများ၏ စာရင်းကိုမူ သတင်း ထုတ်ပြန်ပေးခြင်း မရှိသေးပါ။

ထိုသို့ ဖြစ်ပွားပါက MIC အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းရှင်ကို သတိပေး အကြောင်းကြားမှုသာ ပြုလုပ်ပြီး အရေးယူမှု အပိုင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လက်အောက်ရှိ သက်ဆိုင်ရာဌာနများကသာ ပြုလုပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က “အလုပ်သမား ဝန်ကြီးဌာနက တိုင်ကြားလို့ စိစစ်လို့ ပေါ်ပေါက်လာရင် ကျနော်တို့ ဌာနကို တိုင်ကြားပါတယ်။ ကျနော်တို့ ကော်မရှင်က ခွင့်ပြုမိန့်ပေးတဲ့ ကုမ္ပဏီက ဘယ်နေ့ ဘယ်ရက်မှာ အလုပ်သမားတွေကို သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး ခိုင်းတယ်။ ဒါကို သူတို့ ဌာနက ဝင်ပြီး စိစစ်လို့ တွေ့ပါတယ်ဆိုရင် ဒီအလုပ်ရှင်ကို ဒဏ်ကြေး ဆောင်ခိုင်းမယ်။ တရားရုံးကို ဆင့်ခေါ်မယ်ဆိုရင် ကျနော်တို့ MIC ကို အကြောင်းကြားတယ်။”ဟု ရှင်းပြသည်။

လက်ရှိ ဖြစ်ပွားမှုများတွင် အချိန်ပို ခိုင်းစေခြင်းကြောင့် တိုင်ကြားမှုများ ဖြစ်သည့်အတွက် အလုပ်ရှင်များကိုလည်း အလုပ် သမား၊ အလုပ်ရုံ ဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ သတ်မှတ်ချက်နှင့် အညီ လိုက်နာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) က ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်တွင် လုပ်ငန်းရှင်များကို အသိပေး ကြေညာထားသည်။

လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန့်ဇော်မင်းက “အချိန်ပိုခိုင်းတဲ့ ကိစ္စကတော့ အ လ ရ (အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန) က ကိုင်တာ။ အချိန်ပို ခိုင်းမယ်ဆိုရင် အလုပ်ရှင်က သူတို့ရဲ့ ခွင့်ပြုချက် ယူရတယ်။ မယူပဲ လုပ်ပြီဆိုတာ အ လ ရ က စစ်ဆေးတွေ့ရှိရင် သူတို့ အလုပ်ရုံ ဥပဒေနဲ့ အရေးယူလို့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် အချို့သော အလုပ်သမား အများစုမှာလည်း အလုပ်နှင့် ပတ်သက်၍ အတွေ့အကြုံ နည်းခြင်းများကြောင့် တိုင်ကြားမှု ဖြစ်ပွားခြင်း တွေ့နေရသဖြင့် အသိပညာများ ပေးရန် လိုအပ်နေကြောင်း သိရသည်။

ရောင်ခြည်ဦး အလုပ်သမား အဖွဲ့မှ မအေးစန္ဒာဝင်းက “အချိန်ပိုခိုင်းလို့ ဆန္ဒပြတာတွေကလည်း တချက် ဖြစ်သလို အခု နောက်ပိုင်းမှာ ကြုံတွေနေရတာက နိုင်ငံခြားသား လုပ်ငန်းရှင်တွေက စကားပြန် မသုံးတော့ဘဲ တိုက်ရိုက် အလုပ်သမားကို ခိုင်းစေတယ်။ အဲဒီလိုလုပ်တော့ ပြဿနာလေးတွေဖြစ်တယ်။ ဒါတွေကို ညိုနှိုင်းရေးကို တင်တော့လည်း စာချုပ်တွေနဲ့ ဖြေရှင်းပေးတာပဲ ရှိတယ်။ ဥပဒေအရ ကိုင်တွယ်ဖို့တော့ အလုပ်သမားရုံးမှာ ရှိနေတဲ့ အလုပ်သမားဆက်ဆံရေး ဦးစီးမှူးတွေ အားနည်းချက်လို့ ပြောရမယ်။ ဒါကြောင့် ဥပဒေရှိနေလျက်နဲ့ တိတိကျကျ မကိုင်တွယ်နိုင်ဘူး”ဟု သုံးသပ်သည်။

ယခုလ အတွင်း ကိုရီးယားနိုင်ငံသားပိုင် CJ Myanmar တိရိစ္ဆာန်အစာထုတ်စက်ရုံ၊ အမေရိကန်နိုင်ငံသားပိုင် Nature Myanmar စက်ရုံ၊ ကိုရီးယားပိုင် World Jin Myanmar အထည်ချုပ်၊ SDI အထည်ချုပ် စက်ရုံ မှ အလုပ်သမား များ၏ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး အချို့မှာ ပြေလည်မှု ရရှိခဲ့သည်။

You may also like these stories:

Natural Garment စက်ရုံ ပိတ်သိမ်းမှု တိုင်းအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေ

ပြည်တွင်း၌ သွင်းကုန် အစားထိုး လုပ်ငန်းများ ရင်းနှီးလုပ်ကိုင်ရန် MIC ဖိတ်ခေါ်

ယခုနှစ်အတွင်း အထည်ချုပ်နှင့် ဖိနပ် စက်ရုံများ ပိတ်သိမ်းရန် ရှိနေဟု လုပ်ငန်းရှင်များ ပြော

The post ယခုနှစ်အတွင်း နိုင်ငံခြားသားပိုင် စက်ရုံ ၉ရုံ တွင် လုပ်သားဆန္ဒပြမှုများ ဖြစ်ပွားခဲ့ appeared first on ဧရာဝတီ.

ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ

$
0
0

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ဒုက္ခသည်များအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုက အလှူငွေ ကျပ် သိန်း ၅၀၀၀ ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထံသို့ ယနေ့ ပေးအပ် လိုက် ကြောင်း သိရသည်။

ယင်းအလှူငွေ ပေးအပ်ပွဲကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် ကျင်းပပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပေးအပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန် ရှိသူများက လက်ခံခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“အလှူငွေ သိန်း ၅၀၀၀ ကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ် ဝန်ကြီးတွေ ဖြစ်တဲ့ ဦးကျော်အေး သိန်း၊ ဦးဝင်းမြင့်နဲ့ ဦးကျော်လွင်တို့က လက်ခံရယူပါတယ်။ ဘဏ္ဍာအခွန် ဝန်ကြီး ဦးကျော်အေးသိန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားတာ ရှိပါတယ်”ဟု ၎င်းက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားနေသော်လည်း AA နှင့် တိုင်းရင်းသား ပြည်သူလူထုကို အမြဲတမ်း ခွဲခြားပြီး မြင်ကြောင်း၊ တဖက်တွင် နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်  နေသော်လည်း တဖက်တွင် ပြည်သူကို ကြည့်ရှုစောင့်ရှာက်ရမည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းရခြင်း ဖြစ်သည် ဟု ဆိုသည်။

“ဒါက ရခိုင်မှာ ပထမဆုံး အကြိမ်ပါ။ တပ်မတော်အနေနဲ့ တခြားနေရာတွေမှာ လှူဖူးပါတယ်။ ကျန်တဲ့တိုင်းတွေမှာ တိုင်း စစ်ဌာနချုပ် အလိုက် ကူညီထောက်ပံ့တာတွေ ရှိပါလိ့မ်မယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်၏ အလှူကို ကြိုဆိုကြောင်း၊ ကောင်းသောလုပ်ရပ်၊ ကောင်းသော လက္ခဏာတရပ်ဖြစ်ကြောင်း၊ သို့သော် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ယခုပုံစံဆိုလျှင် လှူ၍ပြီးမည် မဟုတ်ကြောင်း၊ နောက်ဆုံး အကြံပြုချင်သည် မှာ တိုက်ပွဲများ အဆုံးသတ်စေလိုကြောင်း ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးဖေသန်းက ပြောဆိုသည်။

“ရခိုင်ပြည်နယ် အခြေအနေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ ဒုက္ခသည်တွေကို ကယ်ဆယ်ရုံလောက်နဲ့တော့ ပြီးမှာ မဟုတ်ဘူး။ စစ်ပွဲတွေကို အမြန်ဆုံး ရပ်စဲမှ ရမယ်။ တပ်မတော်က လှူတယ်ဆိုတော့ တပ်မတော်အနေနဲ့ AA နဲ့ ဆွေးနွေး ဖို့ နဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးစေချင်တယ်”ဟုလည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ရှောင်ဒုက္ခသည်များလည်း ပိုမိုများပြားလာနေကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှုသည် တနှစ်နီးပါး အထိ ကြာမြင့်လာပြီ ဖြစ်ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုလည်း ပိုမို များပြားလာလျက် ရှိသည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများသည် အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများလည်း တနေ့ထက်တနေ့ များပြားလျက်ရှိကာ စစ်ပွဲဧရိယာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

စစ်ရှောင် ဒုက္ခသည်များသည်လည်း ရခိုင်ပြည်နယ်တခုလုံးတွင် တသိန်းနီးပါး ရှိလာပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်း အချက်အလက်များ အရ သိရသည်။

You may also like these stories:

AA ဖမ်းဆီးထားသည့် ချင်းအမတ်ကို ပြန်ကယ်ရန် ကြိုးစားနေဟု တပ်မတော်ပြော

အပစ်ရပ်ဆွေးနွေးနေသော်လည်း လက်နက်ကြီးကျည်ကျ၍ အရပ်သား ၅ ဦး သေဆုံး 

AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော

The post ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ appeared first on ဧရာဝတီ.

တခါသေဖူး ပျဉ်ဖိုးနားလည်သူ ကချင်စစ်ဘေးရှောင်များ

$
0
0

ယခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အကြား တိုက်ပွဲဖြစ်ပွားမှု နည်းသည်။ နေရပ်စွန့်ခွာနေရသည်မှာ ၈ နှစ်ကျော်ပြီဖြစ်သော စစ်ဘေးရှောင် ကချင်ဒေသခံများ အိမ်ပြန်နိုင်ရေးအတွက် နှစ်ဖက်အပစ်ရပ် သဘောတူညီမှုရရန် နှစ်ဖက်စလုံးက ကြိုးစားနေချိန်လည်း ဖြစ်သည်။

“ကျမတို့ကတော့ ပြန်လို့ရပြီဆို ပြန်ချင်တာ။ မနက်ဖန်ဆို မနက်ဖန်။ ဒီနေ့ဆို ဒီနေ့။ တကယ်လို့ စစ်မဖြစ်တော့ဘူး ငြိမ်းချမ်းရေးရပြီ။ ကောင်းကောင်းမွန်မွန် လက်မှတ်ထိုး သဘောတူစာချုပ်တွေ လုပ်ပီဆိုရင် ကျမတို့တော့ ပြန်မှာပဲ။ ကျမတို့ ခက်ခဲတာတော့ ခက်ခဲတယ်။ ဒါပေမယ့် ကိုယ့်ရွာ ကိုယ့်ရဲ့ အိမ်ခြံကို ပြန်လို့ရပြီဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျမတို့ လုံခြုံမှုရှိရင် ကျမတို့ ပြန်မှာပဲ” ဟု ဝိုင်းမော်မြို့အရှေ့ဖက် အန်ဝမ်ကောင်ရွာမှာ ဒေါ်ဂျာထုက ဆိုသည်။

သူမ ဇာတိရွာသည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ထိန်းချုပ်ရာ ဒေသအတွင်းတွင် ရှိနေသည်။ NDA-K ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရာရှိဟောင်းများဖြစ်သော ဇခုန် တိန့်ယိန်း၊ (Layawk Zelum and Ying Zelum) လေးယွက် ဇီလမ်နှင့် ယိန်း ဇီလမ်တို့က ၁၉၈၉ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့သည် နောက်ပိုင်းတွင် ကချင်နယ်ခြားစောင့်တပ် အဖြစ် ရပ်တည်သည်။

ဝိုင်းမော်မှ ဆဒုံးသို့ နှစ်နာရီခရီးသာ ကားဖြင့်မောင်းရသော်လည်း ရွာသားများမှာ ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်နေရသည်။ ထိုလမ်းသည် တရုတ်နယ်စပ်သို့ပေါက်ပြီး အဓိက ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ကာ ဝိုင်းမော်မှ တရုတ်တစ်ရှုးငှက်ပျောများ တင်ပို့ပြီး တရုတ်ဖက်မှ ကုန်မျိုးစုံကို ပြန်လည်တင်သွင်းသည်။

မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူ ဒေါ်ဇေညွယ် /ငြိမ်းငြိမ်း

KIA နှင့် တပ်မတော် ကျောထောက်နောက်ခံပြု တပ်များအကြား တိုက်ပွဲများဖြစ်ပွားချိန် ၂၀၁၂ ခုနှစ်ဇွန်လက ဒေါ်ဂျာထု စစ်ပြေးရှောင်စဉ် ယာယီသာပြေးရလိမ့်မည်ဟု သူထင်ခဲ့သည်။

စစ်ပြေးရှောင်အဖြစ် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနား နှစ်ခြင်းခရစ်ယာန် အသင်းတော် IDP စခန်းသို့ ရောက်ရှိ နေထိုင်နေသည်မှာ ၈ နှစ်ကြာရှိပြီဖြစ်သည်။ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူများ (IDP) များ၏ မိုင်းနား IDP စခန်းကို ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) က ထောက်ပံ့ထားသည်။ ပြန်ခွင့်မရသေးသည့်အတွက် ယခုအချိန်တွင် သူမ လယ်ယာနှင့် ဥယျာဉ်ခြံများ တောဖုံးနေလောက်ပြီဟု သူမက ဆိုသည်။

မိုင်းနား စစ်ဘေးရှောင်စခန်းတွင် ၂၀၁၂ ခုနှစ် ဇွန်လကတည်းက စစ်ရှောင်လာသူ ၂၈၃၃ ဦးရှိပြီး ဗန်းမော်၊ မိုးမောက်၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ ၃၉ ရွာမှ ပြေးလာကြသူများ ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ၁၉၆၁ ခုနှစ်မှစတင်ပြီး တော်လှန်ရေးစစ်ပွဲဆင်နွဲနေသည်မှာ နှစ် ၆၀ နီးပါးရှိလာပြီး ၁၉၉၄ ခုနှစ်က ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးကို တစိတ်တပိုင်းအောင်မြင်မှုဟု သတ်မှတ်နိုင်သည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် တပ်မတော်နှင့် KIA တို့အကြား ထိုအပစ်အခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီးချိန်မှ စတင်ပြီး လူပေါင်း ၁၂၀၀၀၀ နီးပါးမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ IDP စခန်းပေါင်း ၁၇၀ တွင် ခိုလှုံနေကြရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်းဖြစ်သည့် KIA က ၎င်း၏ မဟာမိတ်များဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်စစ်တပ် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရန် ကြိုးပမ်းနေသည်။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံတွင် ညှိနှိုင်းမှုရှိခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့စီအကြား သဘောတူညီမှုရရေးနှင့် IDP များနေရပ်ပြန်နိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။

သို့သော် မြောက်ပိုင်းမဟာမိတ်နှင့် နောက်ထပ် ဆွေးနွေးပွဲများက ရွှေ့ဆိုင်းနေသည်။ အောက်တိုဘာလလယ်က KIA ၏ နိုင်ငံရေးလက်တံဖြစ်သော KIO ဥက္ကဌ အင်ဘန်လနှင့် အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းသူများ ထိုင်းနိုင်ငံ ချင်းမိုင်တွင်တွေ့ဆုံခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း / ငြိမ်းငြိမ်း

စစ်ဘေးရှောင်များ အဆင်ပြေချောမွေ့စွာ နေရပ်ပြန်ရေးကို ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခေါင်းဆောင်များနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၇ ခုနှစ် နှစ်လယ်က တွေ့ဆုံချိန်တွင် စတင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

KBC ဦးဆောင်သော ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) သည်လည်း ယခုနှစ်အစောပိုင်းကတည်းက စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်းများကို အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သည်။ သို့သော် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်ခဲ့သည်။

နေရပ်ပြန်ပြီးနောက် လုံခြုံမှုရှိရေးကို စစ်ရှောင်များ တောင်းဆို

ရွာတွင် သူမတို့ဘ၀ အေးအေးချမ်းချမ်း ဖြတ်သန်းချင်ကြောင်း ဝိုင်းမော်တောင်ပိုင်း ဂန်ဒေါင်ယန် ကျေးရွာမှ ဒေါ်ဇေညွယ်က ဆိုသည်။ သို့သော် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ၎င်းတို့ စိုးရိမ်နေသည်ဟု ဆိုသည်။

သူမက မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူ ဖြစ်သည်။ “ကျမတို့ ပထမဆုံး စစ်ပြေးလာတဲ့အခါ ကျောပိုးအိတ် တလုံးနဲ့ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာတာ။ ဒီမှာ  ၄-၅-၈ နှစ် နေပြီးမှ နည်းနည်းရှာလိုက် စုလိုက်နေပြီးမှ နည်းနည်းပြည့်စုံလာတဲ့အခါ ပြန်သွားပြီး သိပ်မကြာခင် တခါ ပြန်ပြေးရမယ်ဆိုရင် ဒါတွေ အကုန်လုံး ဆုံးရှုံးရတော့မှာ။ နှစ်ကျော့ပြန် စစ်ပြေးဘဝဆို ဘာမှတောင် ရှိတော့မှာ မဟုတ်ဘူး”ဟု ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

သူမ၏ရွာနှင့် အခြားစစ်ဘေးရှောင်အများအပြား၏ ရွာများသည် KIA ဌာနချုပ်တည်ရှိရာ ဝိုင်းမော်တောင်ပိုင်းရှိ လိုင်ဇာအနီးတွင် ရှိသည်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တခုခု သဘောမတူမီ တိုက်ပွဲများ ပြန်စလာမည်ကို သူမတို့အစိုးရိမ်ဆုံးဟု ဆိုသည်။

 

ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း စီမံအုပ်ချုပ်ရေးရုံး/ငြိမ်းငြိမ်း

 

“ကျမတို့ စခန်း တာဝန်ခံက အစည်းဝေးခေါ်ပြီးမှ ပြောပြတယ်။ ပြန်ချင်တဲ့ လူတွေ ပြန်လို့ရတယ်တဲ့။ ပြန်ချင်တဲ့လူတွေ ပြန်လို့ရတယ်ဆိုတဲ့ ခေါင်းစဉ်ကို ကျမတို့က မကြိုက်ဘူး။ ကျမတို့ စစ်ရှောင်တွေ ပြည်သူတွေ ကြိုက်တာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး အာမခံချက်ရှိတဲ့ ငြိမး်ချမ်းရေးရပြီဟေ့ ဆိုတဲ့အသံကို ကျမတို့ ရပြီဆိုရင် ကျမတို့က အကုန်လုံး ပြန်မယ်။ … နှစ်တွေ ကြာလာပြီးမှ ခဏ ခဏလည်း သူတို့ (အစိုးရနဲ့ KIA) က တွေ့ဆုံပြီးမှ အစည်းဝေး ထိုင်တယ် ပြောတယ်။ တခေါက်မှလည်း အာမခံချက်ရှိတဲ့အဖြေက မထွက်လာသေးဘူး။ ဆိုတဲ့အခါကျတော့ ဗမာ စကားပုံလို ဆောက်ဖြစ်မှ ကျောင်းတကာပေါ့ သူတို့ကိုယ်တိုင်မှ လက်တွေ့ပြတဲ့အခါကျမှ ကျမတို့ စစ်ရှောင်တွေက ယုံကြည်တော့မှာပေါ့” ဟု သူမက ဆိုသည်။

ထို့အတူ မိုင်းနားစစ်ရှောင်စခန်းမှ ဒေါ်ဂျာထုကလည်း “အခုတော့ ဘာမှ မျှော်လင့်ချက် မရှိသလို ဘာမှ မပြောတတ်တော့ဘူး။ တွေးလည်း မတွေးတတ်တော့ဘူး။ ကိုယ့်မိသားစု ရှေ့ရေးအတွက် စဉ်းစားရင် ဘာမှ မျှော်လင့်ချက်မရှိဘူး” ဟု ညစ်ညူးစွာ ဆိုသည်။

အဆင်ပြေခဲ့သော နေ့ရက်များ

၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူများမှာ စပါးစိုက်တောင်သူများနှင့် ဥယျာဉ်ခြံစိုက်ပျိုးသူများ ဖြစ်သည်။

စစ်ပြေးနေရပြီး IDP စခန်းများရှိ အခန်းကျဉ်းကလေးတွင် ကြီးပြင်းရသည့် ကလေးများသည် ကျယ်ပြန့်ငြိမ်သက်သည့် ကျေးရွာအငွေ့အသက် အတွေ့အကြုံကို မခံစားကြရဘဲ ကလေးများ၏ ကျေးလက်ဘဝ အတွေ့အကြုံများ ဆုံးရှုံးရသည်ဟု ကလေးသုံးဦးမိခင် ဒေါ်ဇေညွယ်က ဆိုသည်။

သူမရွာတွင် လိမ္မော်သီး၊ စပါးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး အသက်မွေးခဲ့သဖြင့် ကလေးများကို ကျောင်းထားနိုင်သည့် ဝင်ငွေရှိခဲ့သည်။ မိဘများသည် ကလေးများပညာရေးအတွက် ငွေကြေး မတတ်နိုင်တော့သောကြောင့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဆယ်ကျော်သက်အများအပြား ကျောင်းထွက်နေကြသည် ဟု သူကပြောသည်။

မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း/ငြိမ်းငြိမ်း

 

ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် ကျောင်းမှ နှုတ်ထွက်သည့် ဆယ်ကျော်သက်များအတွက် ပေးစရာ အလုပ်လည်းမရှိကြောင်း ဒေါ်ဇေညွယ်က ရှင်းပြသည်။

၎င်းတို့ရွာများတွင် ရှိမည်ဆိုပါက လူငယ်များကို လယ်ယာနှင့် ဥယျာဉ်ခြံများတွင် အလုပ်ပေးနိုင်မည် ဖြစ်သည်။ “ကလေးတွေမှာလည်း အပြစ်မရှိဘူး။ မိဘတွေမှာလည်း အပြစ်မရှိဘူး။ အခု သူတို့မှာ ကျောင်းထွက်ပြီး ဘာမှ လုပ်စရာမှ မရှိတာ။ သူတို့ကို ကျမတို့က ကျောင်းထွက်ပြီးတော့လည်း အလုပ်ပြဖို့ လုပ်ငန်းလည်း မရှိဘူး” ဟု သူက ဆိုသည်။

ကြုံလာမည့် ခက်ခဲမှုများ

နေရပ်ပြန်ရန် တမ်းတနေကြသော်လည်း ပြန်နိုင်သူများအတွက် မရေရာမှုများ စောင့်ဆိုင်းနေသည်။

ရှေ့ပြေးစီမံကိန်းတခုအောက်တွင် ဝိုင်းမော်မြို့နယ် နမ့်ဆမ်ယန်ရွာသို့ စစ်ဘေးရှောင်အချို့ ပြန်ကြသည်ဟု သိရသည်။

“ကျမတို့က ပြန်ဖို့ အစီအစဉ်မရှိသေးဘူး” ဟု မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ခိုလှုံနေသော နမ်ဆမ်ယန်မှ ဒေါ် ခေါင်နော်ပြောသည်။

ဂျန်မိုင်ကောင်း KBC စစ်ဘေးရှောင်စခန်းတွင် လူဦးရေ တထောင်ကျော် ခိုလှုံနေပြီး ၎င်းတို့သည် ၂၀၁၁ ခုနှစ် ဇူလိုင်လကတည်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် နှင့် ဆွမ်ပရာဘွမ် မြို့နယ်များရှိ ကျေးရွာ ၁၇ ရွာမှ စစ်ပြေးလာခဲ့သူများ ဖြစ်ကြသည်။

“အရင်က လူတွေနေရပ်ပြန်နေကြတာ သတင်းကောင်းဖြစ်ပုံရပေမယ့် ပြန်တဲ့သူတွေ အရမ်းဒုက္ခရောက်တယ်ဆိုတာ ကျမတို့ စုံစမ်းသိရှိရတယ်။ ပြီးတော့ အဲမှာနေတဲ့လူနဲ့ ကျမတို့ ဆုံတဲ့အခါ ကျမတို့ပြန်တာ မှားသွားတယ် လို့ ပြောကြတယ်။ မပြန်ခင်က သူတို့ကို အစိုးရက အိမ်တွေလည်း ဆောက်ပေးမယ်။ အထောက်အပံ့ ခြောက်လ စာပေးမယ်ဆိုတော့ သူတို့ဝမ်းသာကြတယ်။ စစ်ရှောင်စခန်းမှာနေရတာက အရမ်းဒုက္ခဆင်းရဲ များတဲ့အခါကျတော့ သူတို့လည်း ပြန်ချင်ဇောနဲ့ နည်းနည်းမစဉ်းစားဘဲ ပြန်သွားတော့ အရမ်းဒုက္ခရောက်တာ တွေ့ရတယ်” ဟု သူ ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်မှု ရပ်စဲပြီး နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို တက်တက်ကြွကြွ ကူညီလုပ်ဆောင်ရမည်ဟု မေတ္တာ ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ ဂွမ်ရှာအောင်က ဆိုသည်။ တပ်မတော်နှင့် KIA အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် ၎င်းက တိုက်တွန်းသည်။

“ခု ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်ကြားထဲမှာ အနိမ့်ဆုံး အပစ်ခတ် ရပ်စဲနိုင်တဲ့အနေအထား ရောက်အောင် လုပ်ဖို့ အရေးကြီးဆုံးလို့ မြင်တယ်။ ကာလကြာလာတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီလည်း လျော့လာတဲ့ အနေအထားမျိုးမှာ ကျနော်တို့ဟာ ဒီ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အရေးကို ပိုပြီးတော့ ကြည့်ရှုဖို့ လိုလာတယ်။ အစိုးရဘက်ကလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တိုးပြီး လုပ်လာသင့်တယ်။ အထူးသဖြင့် အခြေခံ ဝန်ဆောင်မှုပေါ့နော်။ ပညာရေး၊ ကျန်းမာရေး ကိစ္စ တွေကို အခုထက် ပိုပြီးတော့မှ ထိထိမိမိ လုပ်ပေးဖို့ လိုတယ်” ဟု ဂွမ်ရှာအောင်က ဆိုသည်။

နေရပ်ပြန်နိုင်ရေး ထိုသို့သော အခက်အခဲများရှိသော်လည်း ၂၀၁၈ ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ ဥပဒေက ရိုးရာအစဉ်အလာ မြေပိုင်ဆိုင်မှုဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်နေသည့် IDP များအား ပြန်သွားရန် တွန်းအားပေးနေသည်ဟု သူက ရှင်းပြသည်။

ဝိုင်းမော်တွင် ငှက်ပျောစိုက်ခင်းများကြောင့် မြေယာအငြင်းပွားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ ၎င်းတို့၏ မြေများကို ၎င်းတို့မသိဘဲ စိုက်ပျိုးရေးစီမံကိန်းများအတွက် သိမ်းယူမည်ကို နေရပ်စွန့်ခွာရသည့် ရွာသားများ စိုးရိမ်နေကြသည်။

စစ်ရှောင်စခန်းတွင်းက ဘ၀

အိပ်ခန်းတွဲများဖြင့် ပြွတ်သိပ်ဆောက်ထားသော စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ အလုပ်လက်မဲ့ ဖြစ်ကြသည်က များသည်။

IDP စခန်းဝင်းအတွင်း အလုပ်လက်မဲ့ဖြစ်နေသော စိတ်ညစ်ညူးနေသည့် နေရပ်စွန့်ခွာနေရသူ အများအပြားကို ဧရာဝတီ သတင်းဌာန၏ ခရီးတိုအတွင်း တွေ့ခဲ့ရသည်။  ၎င်းတို့အနက်အချို့သာ စခန်းပြင်ပတွင် ဝင်ငွေရသည့် အလုပ်အကိုင် ရရှိကြသည်။ ထိုအလုပ်များတွင် သန့်ရှင်းရေးလုပ်သား၊ ငှက်ပျော သို့မဟုတ် အခြားစိုက်ခင်းများတွင် ခြံအလုပ်သမားများအဖြစ် လုပ်ကိုင်ခြင်း စသည့် ကျွမ်းကျင်မှုမလိုသော အလုပ်များ ပါဝင်သည်။

အသက် ၄၇ နှစ်အရွယ် ကလေး ခြောက်ယောက်မိခင် ဒေါ်ဆောင်နမ် သည် ဝိုင်းမော်မြို့နယ် တပဒေါင်းကျေးရွာမှဖြစ်သည်။ ယခုအခါတွင် မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ပြီး၊ တနေ့လျှင် နှစ်ထောင်ကျပ်ဖြင့် မြစ်ကြီးနားတွင် ပန်းရံ အလုပ် လုပ်သည်။

“ပန်းရံက မြစ်ကြီးနားမြို့ပေါ်မှာ လုပ်ရတာ။ ၂ ထောင်ကျပ်ရတယ်။ မိသားစု စားလို့မလောက်ဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဒီနှစ်မှပဲ ပန်းရံ အလုပ် စထွက်လုပ်ရတာ။ အလုပ်ကလည်း အမြဲမရှိဘူး” ဟု သူမက ဆိုသည်။

သူမ၏ကျေးရွာသို့ တရက်ခရီးဖြင့်ရောက်နိုင်သော်လည်း မပြန်ရဲသေးပေ။ “ပြန်နေဖို့ကျတော့ မလွတ်လပ်သေးဘူး။ မလွတ်လပ်ဘူးဆိုတာက ခဏခဏ တပ်မတော် စစ်ကြောင်းတွေ အဲ့လိုပဲ ပတ်နေတာ။ ကျမတို့ ခလေး ခလောက်နဲ့ဆို အဆင်မပြေဘူး” ဟု သူက ဆိုသည်။

၂၀၁၆ ခုနှစ်မှစတင်ပြီး စခန်းတွင်နေထိုင်သူများကို ဆန်၊ ဆီ၊ ဆား ဝယ်ရန် ငွေကြေးထောက်ပံ့သည်။ ယခင်ကထိုအခြေခံပစ္စည်းများကို ကမာ္ဘ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ဝေပေးခဲ့သည်။ ယခု ငွေကြေးထောက်ပံ့သည့်အစီအစဉ်အရ သက်ကြီးရွယ်အို စစ်ဘေးရှောင်များနှင့် မိဘမဲ့ စသည်တို့ကို တလ ၁၅၀၀၀ ကျပ် ထောက်ပံ့ပြီး လင်စုံမယားစုံရှိသော မိသားစုများသည် တလလျှင် ၁၁၀၀၀ ကျပ် အထောက်အပံ့ရသည်။

ထိုငွေပမာဏသည် IDP များ အသက်ဆက်နိုင်ရုံအတွက်သာ ဖြစ်ပြီး အလုပ်လက်မဲ့များအတွက် ပိုခက်ခဲရသည်ဟု ဒေါ်ဇေညွယ်က ဆိုသည်။

စခန်းအတွင်း အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် တရုတ်ပြည်သို့ လူကုန်ကူးခြင်း တို့သည်လည်း အရေးပေါ်ဖြေရှင်းရမည့် ပြဿနာများဖြစ်သည်ဟု ဂွမ်ရှာအောင်က ထောက်ပြပြောဆိုသည်။

အလုပ်လက်မဲ့ဖြစ်ရခြင်းသည် အခက်ခဲဆုံးစိန်ခေါ်မှုဖြစ်ကြောင်း စစ်ဘေးရှောင်အများအပြားက ဧရာဝတီသို့ ပြောဆိုသည်။

(Nyein Nyein ၏ Once Bitten, Twice Shy: Myanmar’s Kachin IDPs Demand Ceasefire Before Returning Home  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်-

အသက်ရှင်စဉ် ငြိမ်းချမ်းရေးရတာ မြင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးသော့ချက် တပ်မတော်လက်တွင်ရှိ

ခရီးလမ်းကိစ္စက ငြိမ်းချမ်းရေးစကားဝိုင်းကို လှန်မှောက်နိုင်သလား

The post တခါသေဖူး ပျဉ်ဖိုးနားလည်သူ ကချင်စစ်ဘေးရှောင်များ appeared first on ဧရာဝတီ.

အောင်ကြီး အာမခံ ရရှိရေး အသနားခံမှု ခေတ္တ စောင့်ကြည့်ရန် သမ္မတရုံး အကြောင်း ပြန်

$
0
0

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံ အဖြစ် တရားစွဲဆို ခံထားရသည့် အောင်ကြီး အာမခံ ရရှိရန် အတွက် နိုင်ငံတော် သမ္မတရုံးသို့ အသနားခံစာ တင်ရာတွင် သည်းခံ စောင့်ဆိုင်းပေးရန် အကြောင်းပြန်စာ ပေးပို့လာ ကြောင်း ဖခင်ဖြစ်သူက ပြောသည်။ 

အောင်ကြီး၏ ဖခင်ဖြစ်သူ ဦးမြသိန်းက“တရားရေး မဏ္ဍိုင်၏ စစ်ဆေးမှုကို ခဏသည်းခံ စောင့်ကြည့်ပါလို့ သမ္မတရုံးက ပြန်စာ ပို့ထားပါတယ်။ တရားရေးက ဆောင်ရွက်တဲ့ အခြေနေကို ဆက်လက် သည်းခံစောင့်ကြည့်ပါလို့ သမ္မတရုံးက စာပြန်ထားပါတယ်”ဟု ယနေ့ တရားခွင် စစ်ဆေးမှု အပြီး တရားရုံးရှေ့တွင် သတင်းထောက်များကို ပြောပြသည်။ 

အောက်တိုဘာ လဆန်းပိုင်းက နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ တရားလွှတ်တော် ရှေ့နေချုပ် ရုံးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ထံ အောင်ကြီး အာမခံ ရရှိရေး၊ ယင်းအမှုကို စွဲချက် မတင်မီ လွတ်မြောက်ရန်၊ သက်သေခိုင်လုံမှု မရှိသည့် အတွက် အာမခံ ရရန်နှင့် ပြင်ပမှ လွတ်လပ်စွာ အမှု ရင်ဆိုင်နိုင်ရန် အတွက် အသနား ခံစာ တင်ခဲ့ခြင်းဖြစ်သည်ဟု ဦးမြသိန်းက ဆိုသည်။ 

ယခုလ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ အကြောင်း ပြန်စာ ရောက်ရှိလာပြီး ယင်းစာကို ဖတ်ရသည့် အခါ အဆိုပါ အမှု လက်ရှိ ဖြစ်နေသည့် ကိစ္စများကို သိရှိကြောင်း ဆိုသည့်အချက် ပါဝင်သဖြင့် အောင်ကြီး အတွက် အားရှိရ ကြောင်းနှင့် နိုင်ငံတော် သမ္မတ ရုံးကို ပို၍ အားကိုးမိကြောင်းလည်း ဦးမြသိန်းက ပြောဆိုသည်။

ယနေ့ ဗစ်တိုးရီးယား အမှု ၁၁ ကြိမ်မြောက် ရုံးချိန်းတွင် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ မှုခင်း ဆရာဝန်ကြီးနှင့် Wisdom Hill ကျောင်း ကြီးကြပ် ရေးမှူး ဒေါ်ဥမ္မာလှိုင် တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

တရားခွင်အတွင်း မူခင်း ဆရာဝန်ကြီး၏ ထွက်ဆိုချက်အရ အောင်ကြီးကို စစ်ဆေးချက်များပြုလုပ်ရာတွင် အောင်ကြီး ၏ လိင်အဂါမှ ထွက်သည့် အရည်ကိုယူပြီး ဓာတ်ခွဲ စစ်ဆေးရာတွင် သုက်ပိုး မတွေ့ကြောင်း တရားခွင်အတွင်း ထွက်ဆို ခဲ့သည်။ 

ယင်းအမှုနှင့် တိုက်ရိုက် ဆက်စပ်နေသူများ၏ ထွက် ဆိုချက်များသည် အောင်ကြီး မဟုတ်ကြောင်း ထင်ရှားနေသည့် အပြင် ကလေးငယ် ကိုယ်တိုင်က အောင်ကြီးကို မသိကြောင်း ထွက်ဆိုထားသည့် ဗီဒီယိုဖိုင် သက်သေခံတခုကိုလည်း ရုံးတော်က လက်ခံထားပြီး ဖြစ်၍ အောင်ကြီး အာမခံရရှိရန် အတွက် ရုံးတော်သို့ တင်ခဲ့သော်လည်း ပြီးခဲ့သည့် ၈ ကြိမ် မြောက် ရုံးချိန်းတွင် ပယ်ချခဲ့ကြောင်း အောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။ 

အောင်ကြီး၏ အာမခံ လျှောက်ထားချက်သည် ခိုင်လုံသည့် လျှောက်လဲချက် မပေးနိုင်သည့် အတွက်ဟု ဆိုကာ အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်သည့် ၈ ကြိမ်မြောက် ရုံးချိန်းတွင် ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင်က ပယ်ချခဲ့သည်။ 

အဆိုပါ အမှုတွင် အဓိက ဆက်နွယ်နေသည့် အကြမ်းဖက်ခံရသူ ကလေးငယ်၏ မိခင်၊ ဖခင်၊ အဘွား၊ ဗစ်တိုးရီးယား နှင့် ဗစ်တိုးရီးယား တက်ရောက်နေသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းမှ ၎င်း၏ ဆရာမ ဒေါ်နီလာအေး စသည့် တရားလိုပြ သက်သေများကို စစ်ဆေးရာ၌ သံသယ တရားခံအဖြစ် စွပ်စွဲခံထားရသည့် ကိုအောင်ကြီးသည် ပြစ်မှု မကျူးလွန်ကြောင်း ထွက်ဆိုခဲ့သည်ကိုလည်း တရားခွင် စစ်ဆေးမှုများအရ သိရသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ဗစ်တိုးရီးယား အမည်ရှိ ကျောင်းသူ ကလေးငယ်သည် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်း ဖြစ်သည့် သံသယ တရားခံဖြစ်သူ ကိုအောင်ကြီးကို ဇူလိုင် ၄ ရက်က တရားစွဲတင်ခဲ့သည်။

အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ ဆောင်ရွက်လုပ်ကိုင်ပုံများ အပေါ် လူထုက ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသလို စစ်မှန်သည့် တရားခံ ဖမ်းဆီး နိုင်ရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး များ အပါအဝင် အခြား မြို့အနှံ့အပြားတွင်လည်း ပြုလုပ်ခဲ့ကြသည်။

You may also like these stories:

လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို

အမှန်တရားကို တရားရုံးတွင် ချပြမည်ဟု Wisdom Hill ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ပြော

ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို

The post အောင်ကြီး အာမခံ ရရှိရေး အသနားခံမှု ခေတ္တ စောင့်ကြည့်ရန် သမ္မတရုံး အကြောင်း ပြန် appeared first on ဧရာဝတီ.

Viewing all 19385 articles
Browse latest View live